တဖြိုးဖြိုး တလက်လက်နဲ့ 
ကြယ်ကလေး
မြင်သာမြင်ရ မပိုင်ဆိုင်ရတဲ့
ကြယ်ကလေး
ခပ်လှမ်းလှမ်းက
ကျဲနေတဲ့ အလင်းရောင်တွေ
ဘယ်သူ့ အတွက်များလဲ ..
ဖြစ်နိုင်ရင် ကျလာတဲ့
အလင်းစက်လေးတွေတိုင်းမှာ
မူပိုင်တံဆိပ်ထည့်ထားမိချင်ရဲ့ ... ။
အဆုံးသတ်ဆိုတာ
အရာရာတိုင်းမှာရှိတယ်တဲ့
ကြယ်ကလေးရေ …
မင်းရဲ့ ကြွေသက်လေးမပြည့်ခင်
တစ်ရက်လောက်တော့
ငါ့ကိုကြိုပြောပေးလှည့်ကွယ် ..
နှစ်ပေါင်းများစွာ ရှည်ကြာမဲ့
မင်းရဲ့အလင်းတန်းလေးနဲ့ 
ငါ မရှင်သန်ချင်လို့ ပါ .. ။
April
29.09.2011 (02:35 AM) Thu
April
29.09.2011 (02:35 AM) Thu
4 comments:
ကြယ်ကလေးတိုင်းကိုသတိရသွားပါသည်။
အဆုံးသတ်ဆိုတာ
အရာရာတိုင်းမှာရှိတယ်တဲ့
ကြယ်ကလေးရေ …
မင်းရဲ့ ကြွေသက်လေးမပြည့်ခင်
တစ်ရက်လောက်တော့
ငါ့ကိုကြိုပြောပေးလှည့်ကွယ် ..
နှစ်ပေါင်းများစွာ ရှည်ကြာမဲ့
မင်းရဲ့အလင်းတန်းလေးနဲ့ 
ငါ မရှင်သန်ချင်လို့ ပါ .. ။
ခံစားရတယ်... ရေးတတ်၊ဖွဲ့တတ်ပုံလေး အရမ်းသဘောကျတယ်..
လရိပ်အိမ် --> ကျေးဇူးပါ ကဗျာလေးကို အားပေးသွားတဲ့အတွက်
ကိုRocker --> လာအားပေးသွားလို့  ကျေးကျေး :D
ငယ်ငယ် --> ကျေးဇူးပါရှင် .. အခုလိုချီးမွမ်းသွားတဲ့အတွက် .. ^^
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်