ချစ်သော ဒီဇင်ဘာ
သတိရခြင်းကို ပေါင်ထားခဲ့တယ်
မျက်ရည်တွေသာ တအိအိနဲ့တက်လာတယ်
ချစ်ခြင်း မုန်းခြင်းအပြိုင် လေလံဆွဲချိန်
အလွမ်းတွေက အတိုးသတ်နိုင်ရုံလေးတင်။
ဒီမှာ “ကို”
ဒီဇင်ဘာက လှပလွန်းခဲ့တယ်
ဆောင်းတွင်းမက်တဲ့ အိပ်မက်က
ကယောင်ခြောက်ခြားဆိုလည်း
“ကို” ပါတဲ့ အိပ်မက်ဆို
အကြိမ်တစ်သောင်းမက မက်ရဲခဲ့တယ်။
အပြုံးလေးနဲ့ မိတ်ဆက်ခဲ့တဲ့နေ့
အပြုံးလေးနဲ့လမ်းခွဲခဲ့တဲ့နေ့
ဒီဇင်ဘာထိပ်စီးတူပေမဲ့
သက္ကရာဇ်နောက်ဆုံးဂဏန်းလေးလွဲတော့
၂ နှစ်တာ နာကျင်မှုနဲ့ တမ်းတမှုက
ဆုံးရှုံးခြင်းဆိုတဲ့အပေါင်ဆိုင်ထိပ်မှာ ခေါင်းငုံ့ရင်းပေါ့။
သတိရပါလို့မတောင်းဆိုဘူး
ဒါမဲ့ “ကို့”ဘေးနားက တစ်ဘဝစာဆိုတဲ့
သူမကိုတော့ နာကျဉ်းမိတယ်။
ပြန်လာပါလို့မတောင်းဆိုဘူး
ဗလာပဲ ပါလာမယ့် နှလုံးသားထဲမှာ
သံယောဇဉ်လက်ကျန်တွေနဲ့
လက်ပစ်မကူးချင်တော့ဘူး။
April
17.Apr.2017
10:00 PM
Godurim(고두림) - 아이스크림 (Ice-cream) [Eng Sub+Romanization+Hangul]
종일종일 너만 매일매일 너만
Oh! jongil jongil neoman maeilmaeil neoman
Oh! every time it's you, everyday it's you
바라보고 살꺼야
balabogo salkeoya na
Living only staring at you
봐도봐도 좋아 다좋아 
bwadobwado joh-a daljoh-a
Take a look and i like it ..  i like everything
Oh! Beautiful Day. 
너만 보여
Na neoman boyeo
I can only see you
종일 봐도봐도 니가보여
Jongil bwadobwado nigaboyeo
All day looking at you over and over again 
ပိုင် - ဆိုင်သူ
“ပိုင်” ဆိုတဲ့ စာလုံးလေးတစ်လုံးပါဖို့  ... .
နားလည်မှုတွေထွေးပိုက်ကာ စောင့်နေခဲ့ဘူးတယ်
မောင် .. 
စောင့်စားနေသူတွေအတွက်
အချိန်ဆိုတာ ဖြေဆေးဆိုရင် 
ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။ 
April
16.11.2011 (2:03 AM )