“ခေါက်ဆွဲ ပြုတ် ... ” ကျွန်မ ရယ်ကာပြောတော့ ချစ်သယ်ချင်းက
“တစ်နေ့ တစ်နေ့  ခေါက်ဆွဲပြုတ်ချည်းပဲ .. နင်ပြောတော့ ဟင်းချက်တတ်တယ်ဆို .. ”
“အင်းလေ .. ချက်တတ်တယ်လေ .. ”
“ဒါဆို ဘာလို့  ချက်မစားတာလဲ .. ” စားလက်စ ခေါက်ဆွဲပန်းကန်ကိုချပြီး
“ဘာလဲ .. ဟင်းချက်တတ်ရင် ခေါက်ဆွဲပြုတ်မစားရဘူးလား .. စားရင် တရားစွဲလို့ လား .. ” ပေကပ်ကပ်ပြောတော့မှ အမိက ခေါင်းဘယ်ပြန်ညာပြန် ထပ်တလဲလဲခါကာ အသံတိတ်သွားတော့သည်။