ဝက်သားလုံးဟင်းနှင့် သယ်ချင်း ^^

“ဟေ့ .. ဒီနေ့  ဘာဟင်းချက် .. ”

“ခေါက်ဆွဲ ပြုတ် ... ” ကျွန်မ ရယ်ကာပြောတော့ ချစ်သယ်ချင်းက

“တစ်နေ့ တစ်နေ့  ခေါက်ဆွဲပြုတ်ချည်းပဲ .. နင်ပြောတော့ ဟင်းချက်တတ်တယ်ဆို .. ”

“အင်းလေ .. ချက်တတ်တယ်လေ .. ”

“ဒါဆို ဘာလို့  ချက်မစားတာလဲ ..  ” စားလက်စ ခေါက်ဆွဲပန်းကန်ကိုချပြီး 

“ဘာလဲ .. ဟင်းချက်တတ်ရင် ခေါက်ဆွဲပြုတ်မစားရဘူးလား .. စားရင် တရားစွဲလို့ လား .. ” ပေကပ်ကပ်ပြောတော့မှ အမိက ခေါင်းဘယ်ပြန်ညာပြန် ထပ်တလဲလဲခါကာ အသံတိတ်သွားတော့သည်။ 


မနေ့ က အဖြစ်အပျက်ကိုပြန်စဉ်းစားပြီး ဒီနေ့  ကျွန်မရဲ့ ချစ်သယ်ချင်းလေးကို ကျွန်မ ဟင်းချက်တတ်ကြောင်း ပြချင်တာနဲ့  ဒီပိုစ့်လေးကိုရေးမိခြင်းဖြစ်ပါတယ်။ အဟိ .. ချက်ပြမယ့်ဟင်းကလည်း အင်မတန်လွယ်ပြီး အင်မတန်မြန်တဲ့ ဟင်း (ကြက်ဥကြော် မဟုတ်ဘူးနော် :D ) .. ဝက်သားလုံးဟင်းတစ်ခွက်ပါ။ အရင်ဆုံး ဝက်သားပေါက်ထားတာလေးဈေးကသွားဝယ်ပြီး ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ပဲငံပြာရည်(အနောက်)၊ အချိုမှုန့် ၊ ကော်မှုန့်  ထည့်ပြီး သမအောင်မွှေလိုက်ပါတယ်။ 

နောက် ဝက်သားနယ်ထားသည်ကိုအနေတော် အလုံးများလုံးထားပြီး ကြက်သွန်ဖြူ၊ နီ ညက်ညက်ထောင်းကာ ဒယ်အိုးထဲ ဆီသင့်တင့်ရုံလောက်ထည့်ပြီး ဆီပူလာသည့်အခါ ထောင်းထားသော ကြက်သွန်ဖြူ၊ နီ ထည့်၍ ဆီသတ်လိုက်ပါတယ်။ ကြက်သွန်ဖြူ၊ နီ ဆီသတ်လို့ မွှေးလာသည့်အခါ အရောင်တင်မှုန့် ထည့်ပြီး လုံးထားသော ဝက်သားလုံးများကို အိုးထဲအသာထည့်လိုက်သည်။

 နောက် ဇွန်းဖြင့် အသာမွှေပေးပြီး ရေနွေးအနည်းငယ်ထည့်ကာ ၄ - ၅ မိနစ်လောက်ထားလိုက်ပြီး ငံပြာရည် အချိုမှုန့်  အနည်းငယ်ထည့်ပြီး ဆီပြန်လာသည်အထိ တည်ပေးပါ။ ဆီပြန်လာပြီးသည့်အခါမှာတော့ အပေါ့အငံ မြည်းစမ်းကြည့်ပါ။ အပေါ့အငံ အဆင်ပြေပြီဆို နံနံပင်အုပ်ပြီး အိုးထဲမှ ချနိုင်ပါပြီ ရှင်။ ^^

ဝက်သားလုံးဟင်း


သယ်ချင်းရေ .. ဟင်းချက်တတ်တယ် .. တွေ့ ပြီလား ဟွင့် .. :D

မှတ်ချက် (ဧပ၇ယ်တို့ အိမ်က ဆီစားများလို့  ဆီပိုထည့်ခြင်းဖြစ်သည်။ ဆီမကြိုက်သူများ ဆီလျှော့ကာ ချက်နိုင်သည်။ ^^ )


April
14.10.2011 (Fri) (03:41 PM)
                 

4 comments:

Unknown said...

ဟေးဟေး..
ညလေးက ဟင်းချက်တော်တယ်ကွာ။ စားကြည့်ရင်တော့ ဘယ်လိုနေမယ်မသိ။ :P
အပြင်မှာတွေ့ကြည့်စမ်း ချက်ကျွေးခိုင်းမယ်.. ဟိ

မေသိမ့်သိမ့် ကျော် said...

ဟင်းချက်တတ်တာယုံဘူး။ ချက်ကျွေးမှ ယုံတယ်ပြောမယ်။း)

ခင်တဲ့
မေသိမ့်

wa lay said...

စားချင်စရာ...အားပါး.....
ဟုတ်ပ တစ်ခါလောက်တော့ ချက်ကျွေးရမယ် သဲရေ.....မမေသိမ့်ပြောသလိုပဲ.....:D

April said...

ကို Junemoe --> ကိုဖူလေးကတော့ ခိုင်းမယ်ဆိုတာချည်းပဲ .. မတွေ့ အောင်ပုန်းမှပဲ .. အဟိ :P

မမေသိမ့် --> ယုံဘူးလား .. အဟိ .. စားချင်ရင် ချက်ကျွေးမှာပေါ့ .. မ ကလည်း .. :D

ဝါလေး --> အိမ်လာခဲ့ ... သဲရေ .. ချက်ကျွေးမယ် .. :D

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်