ရင်ခွဲသူ


စကားလုံးတွေထဲမှာ 
ဓားသွားများထည့်ထားသလား မောင်ရယ် .. 
မာနကိုရိုက်ချိုး မျက်ရည်တွေကိုမှ လောင်းချိုးချင်တယ်တဲ့လား ..

ဝင်သက်ထွက်သက်လေးကိုတောင်မှ မငဲ့ညှာ
ပေးခဲ့တဲ့ ဒဏ်ရာတွေက ရင်ဝမှာ ဆို့ စေတယ် .. 

တူညီတဲ့ခေါင်းစဉ်အောက်
ထားခဲ့သူနဲ့  ထားခံရသူ 
ဘယ်ဘက်အခြမ်းမှာ နေချင်သလဲတော့ မမေးပါနဲ့  ..
ညင်သာစွာ ကွဲအက်လာတဲ့အသည်းကို
မြင်သာအောင် မပြတတ်လို့ 
ရင်နာအောင် တည်ရှိမဲ့အလွမ်းကိုပဲ
ကြင်နာစွာ ဆုပ်ကိုင်ခွင့်ပြုပါ .. ။

April
03.10.2011 (05:14 PM) Mon

                 

7 comments:

Rocker77 said...

ဟ .........
ကောင်းလိုက်တဲ့ လက်ရာ။
ရင်ထဲကို ထိသွားပြီ။
ပြန်လျော်ပေးတော့။

Unknown said...

ကောင်းတယ်ကွာ။

ညင်သာစွာ ကွဲအက်လာတဲ့အသည်းကို
မြင်သာအောင် မပြတတ်လို့ 
ရင်နာအောင် တည်ရှိမဲ့အလွမ်းကိုပဲ
ကြင်နာစွာ ဆုပ်ကိုင်ခွင့်ပြုပါ .. ။

wa lay said...

သဲလေးရေ ကဗျာလည်း ရေးတတ်တာပဲပေါ့.....
ရေလည်လန်းတယ်ကွာ
ဟတ်ထိသွားပြီ.....
ကြိုးစားထား အားပေးနေအုံးမှာ......:)

April said...

ကိုRocker --> အယ် .. လျော်ပေးဝူး :P

ကိုJunemoe --> ကျေးကျေး .. ကိုဖူလေး .. လာအားပေးတွားလို့  ^^

ဝါလေး --> ဟတ်ထိလို့ ဖစ်ဝူးလေ .. ဒီက ချာဝန်မဟုတ်တော့ ကုတတ်ဝူးနော် .. ပီးမှ ဆေးရုံစရိတ်လာတောင်းနဲ့  :P

Admin said...

မုတ်သုန်ပေါ့ သူ့ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်းဆောင်းကိုကျနော့
ကမ္ဘာက......သွားတယ်

camomilla said...

ကောင်းလိုက်တဲ့ ကဗျာလေး..
ညမရေ ကဗျာလေးတွေခံစားအားပေးသွားတယ်

April said...

ကိုသက်ဝေ --> ကျေးဇူးပါ .. ရှင်

မcamomilla --> ခံစားအားသွားလို့ ကျေးဇူးပါ ... ^^

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်