ကြယ်တစ်လုံး၏ချစ်ခြင်း

ကြယ် .. တလက်လက်နဲ့ တောက်ပနေသော ကျွန်မရဲ့ကြယ်ကလေး .. အို .. မဟုတ်သေးဘူး ကျွန်မမက်မောတမ်းတခဲ့တဲ့ကြယ်ကလေးတစ်လုံး .. နေ့ ခင်းချိန်မှာတောင် နေမင်းနဲ့ အတူ အပြိုင်တောက်ပနေတဲ့ ကျွန်မ ဘယ်တော့မှ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ ကြယ်ကလေး … ။


xxxxxxxxxxxxxxx           xxxxxxxxxxxxxx        xxxxxxxxxxxxx

အိမ်တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှင်သက်သွားသည်။ အိမ်နဲ့ ကျောင်း .. ကျောင်းနဲ့ အလုပ် .. အလုပ်နဲ့ အိမ် လုံးချပတ်နေသော ကျွန်မအတွက် ဘေးဘီအိမ်များကို ဂရုမစိုက်မိတာကြာလှပြီ။ သို့ သော် ဒီနေ့ တော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ့ဘက်မှအိမ်တံခါးဖွင့်သည့်အချိန်နှင့် ဘေးအိမ်မှ အိမ်ထဲဝင်ရန်ပြင်နေသည့်အချိန် ထိပ်တိုက်တိုးမိသည်။ ခဏတာလေး အချိန်အတွင်းမှာပင် ကျွန်မရင်ခွင်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။ သူဘယ်လိုလုပ်ပြီး .. ဒီကို ကိုယ့်ကိုယ်ကို မယုံကြည်နိုင်အောင် ကျွန်မဖြစ်ခဲ့သည်။ သူ့ ဘက်ကတော့ တစ်ချက်သာ လှမ်းကြည့်ပြီး အခန်းလေးထဲဝင်သွားတော့ ကျွန်မတစ်ယောက်သာ အပေါက်ဝတွင် ငူတူတူနှင့်ကျန်ရစ်တော့သည်။

တစ်နေ့ လုံး ကျောင်းမှာရော .. အလုပ်မှာရော စိတ်မပါချေ။ ဒီနေ့ ကျမှ အိမ်ကို ထူးထူးဆန်းဆန်း မြန်မြန်ပြန်ရောက်ချင်လှပြီဖြစ်သည်။ ကျောင်းဆင်းသည်နှင့် အလုပ်ကို ဖုန်းဆက်ပြီး သူငယ်ချင်းတစ်ယောက်ကို အစားဝင်ခိုင်းကာ အိမ်သို့  ခပ်သုတ်သုတ်ပြန်ပြေးလာခဲ့သည်။ လမ်းတွင်လည်း သူနဲ့ နောက်တစ်ကြိမ်ထပ်ဆုံရန် အကြိမ်ကြိမ်ဆုတောင်းခဲ့သည်။ ကျွန်မ ကံဇာတာပဲကောင်းလာလို့ လားမသိ . .ဆုတောင်းသည့်အတိုင်းသူနှင့် ထပ်ဆုံခဲ့သည်။ သို့ သော်  မနက်တုန်းကလောက် ကျွန်မနှုတ်ခမ်းတွင် အပြုံးများတွဲခိုမနေ။ ဂစ်တာအိတ်လေး လွယ်ကာ တံခါးအပေါက်ဝတွင် သူရပ်ကာနေသည်။ နောက် မရှေးမနှောင်း သူ့ ထက်အနည်းငယ် ငယ်သယောင်ရှိသည့် မိန်းကလေးတစ်ယောက်လည်း ဂစ်တာအိတ်ကလေးလွယ်ကာ ထွက်လာသည်။ သူ ထွက်လာသော မိန်းကလေးရဲ့ ပခုံးကို အသာဆုပ်ကိုင်ကာ ကျွန်မဘေးမှ ဖြတ်လျှောက်သွားတော့ ကျွန်မ မျက်လုံးများထဲတွင် မျက်ရည်များပင်ဝေ့တက်လာခဲ့သည်။ နောက်အသာပြုံးကာ အိတ်ထဲမှ သော့လှမ်းယူပြီး အိမ်တံခါးလေးဖွင့်လိုက်သည်။


“သမီးတောင်ပြန်လာပြီ” မေမေ့ နှုတ်ဆက်သံကို ကျွန်မပြုံးကာ ပြန်လည်နှုတ်ဆက်ပြီး အခန်းထဲဝင်မည့်အလုပ်

“မီးမီး .. နင် ဂစ်တာ သင်တန်းတက်ချင်တယ်မဟုတ်လား” မေးလာသော ကိုကြီးကြောင့် ကျွန်မခေါင်းငြိမ့်ပြတော့

“ရော့ … နင့်အတွက် ငါနဲ့ မေမေ သင်တန်းသွင်းပေးထားတယ် .. ဒီနေ့ စမှာ .. ” လှမ်းပေးလာသော ဂစ်တာအိတ်ကလေးကိုကြည့်ပြီး ကျွန်မအံ့သြနေမိသည်။ ကျွန်မ သင်ချင်သည် တဂျီဂျီပူဆာတုန်းက ခွင့်မပြုခဲ့ကြတာ .. အခုတော့ ..

“သွားတော့လေ .. သမီး .. နောက်ကျနေဦးမယ် .. သင်တန်းက မေမေတို့ အောက်ထပ်မှာပဲ .. ” မေမေစကားပင် မဆုံးသေး ကျွန်မ ဂစ်တာအိတ်ကလေးလွယ်ကာ အပြေးထွက်လာခဲ့တော့သည်။ အစောတုန်းက ဂစ်တာအိတ်လွယ်ကာ ထွက်သွားသော သူ့ ရဲ့နောက်ကျောလေးကို ကျွန်မ ပြန်မြင်ယောင်ပြီး သူရော အဲ့မှာပဲ ဂစ်တာသင်တန်းတက်တာလား မသိဘူး .. ဆိုပြီး တိုးတိုးတိတ်တိတ် ကိုယ့်ကိုယ့်ကိုပြန်မေးမိသည်။ သင်တန်းကိုရောက်သွားသည့်အချိန်တွင် ဆရာမက စတောင်သင်နေပြီဖြစ်သည်။ ကျွန်မ အခန်းထဲဝင်လာတော့ ဆရာမ ကျွန်မ့ကိုကြည့်ကာ

“ဘာလို့ နောက်ကျတာလဲ”

“ဟို .. အတန်းရှိလို့  ” ပြောပြီး ကျွန်မခေါင်းလေးအသာငုံနေလိုက်သည်။

“ဒီနေ့ က .. သင်တန်းစဖွင့်တဲ့နေ .. ဒါကို မင်းက နောက်ကျမှလာတယ် .. အဲ့ဒါ မင်းငါ့ကိုစော်ကားတာပဲ .. ငါ မင်းကိုလက်မခံနိုင်ဘူး .. ထွက်သွား” ဆရာမရဲ့အော်သံကြောင့် ကျွန်မလန့် သွားကာ ..

“ဝုန်း” ဆိုပြီး အလန့် တကြားနှင့်နိုးလာခဲ့တော့သည်။ ဘေးနားက ဖုန်းလေးလှမ်းယူကာကြည်တော့ ၉ နာရီခွဲတောင်ရှိနေပြီဖြစ်သည်။ ညက သုံးနာရီကျော်လောက်မှ အိပ်ပျော်ပြီး ၉ နာရီကျော်ဆိုတော့ အိပ်ရေးသိပ်မဝပေမဲ့ ဆက်အိပ်ချင်စိတ်မရှိတော့တာကြောင့် အိပ်ရာကထွက်လာခဲ့သည်။ နောက်  မျက်နှာသစ် ရေမိုးချိုးပြီး တစ်ခုခုစားရန် အနောက်ဘေးခန်းထဲဝင်လာမိသည်။ စားပွဲပေါ်တွင် အုပ်ထားသော အုပ်ဆောင်းများကိုဖွင့်ကြည့်တော့ ဘာမှမရှိ။ ထမင်းအိုးဖွင့်ကြည့်တော့လည်း တစ်ယောက်စာသာ ထမင်းခဲလေး .. ။ ထမင်းအိုးပြန်ပိတ်ပြီး ဘီဒိုအောက်ထပ်ကနေ ခေါက်ဆွဲခြောက်ထုပ်တစ်ထုပ်ဆွဲထုတ်ရင်း ဒီကနေ့ အိပ်မက်ကိုပြန်စဉ်းစားမိသည်။ နောက် ခေါက်ဆွဲထုပ်လေး ဘေးချကာ အိပ်ခန်းထဲမှ သော့သွားယူပြီး တံခါးဖွင့်ရန်ပြင်ပြီးမှ ကျွန်မ လက်များရပ်တန့် သွားသည်။ အိပ်မက်က အိပ်မက် .. အပြင်မှာတကယ်မဖြစ်နိုင်တာ ကျွန်မခဏတာမေ့သွားခြင်းဖြစ်သည်။ ထို့ ပြင် ကျွန်မ့အိမ်ဘေးတွင်နေထိုင်သူများမှာ မလေးမိသားစုတစ်စုဖြစ်သည်။ ဘယ်လိုနည်းနဲ့ မှ သူ ကျွန်မအိမ်ပတ်ဝန်းကျင်ကို ရောက်လာနိုင်စရာမရှိပေ။ သက်ပြင်းလေးခိုးကာချပြီး ခေါက်ဆွဲပြုတ်ရန် နောက်ဖေးခန်းထဲသို့  ပြန်ဝင်လာခဲ့တော့သည်။

ကျောင်းပိတ်ထားပြီမို့ လို့  အချိန်တော်တော်များကို အိမ်မှာနေရင်း ကွန်ပြူတာတစ်လုံးနဲ့ သာ ကျွန်မ အချိန်ဖြုန်းမိသည်။ မနေ့ ညက ကြည့်လို့ မပြီးသေးသော ဇာတ်လမ်းကို ဖွင့်ထားရင်း တစ်ဘက်က ချက်တင်လည်းဝင် facebook လည်းဝင် နှင့် ပတ်လည်ရိုက်နေတော့သည်။ နောက် ချက်ဘောက်စ်ထဲတွင် သူ့ အကောင့်နာမည်ရိုက်ကြည့်တော့ သူ့ ဘက်က လက်မခံသေး။ သူ့ အကောင့်ကို စအပ်ထားတာ ရက်ပြန်တွက်ကြည့်တော့ နှစ်ပတ်နီးပါးလောက်ရှိပြီဖြစ်သည်။ စိတ်သိပ်မလန်းတာနဲ့  ဖွင့်ထားသော ရုပ်ရှင်ပိတ်ကာ သီချင်းနားထောင်နေမိသည်။ ဒီအတိုင်း အိမ်မှာထိုင်နေရုံနှင့် ကျွန်မသူနှင့် မရင်းနှီးနိုင်။ သူငယ်ချင်းတွေဆီက အကြံဥာဏ်များရပေမဲ့ တစ်ခါတစ်ခါ မိန်းကလေးဘက်ကစရမည့်အရေးကို တွေးမိတော့ ကျွန်မလက်တွန့် မိသည်။

ပြန်စဉ်းစားကြည့်ရင် ကျွန်မ သူ့ ကိုသိခဲ့တာ ၂ နှစ်ကျော်ပြီဖြစ်သည်။ ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့ မိန်းကလေးတိုင်း အမြင်ကပ်လောက်သည်အထိ သူ၏ အသားအရေမှာ ဖြူဖွေးကာနေသည်။ ခပ်နွယ်နွယ် ဆံရှည်လေးများကလည်း ပခုံးမရောက်တရောက် မျက်ခုံးမျက်ဆံ ခပ်နက်နက်ဖြင့်သူ၏ ပုံစံမှာ မင်းသားရှုံးလောက်သည်။ ထိုကဲ့သို့  မင်းသားရှုံးသော သူ့ ကို ကျွန်မ နှလုံးသားကလည်း လက်နက်ချကာ အရှုံးပေးခဲ့ပြန်သည်။ တစ်စတစ်စ သူ့ ကြောင့်တက်လာသော အဖျားက ကြာလာသည်နှင့်အမျှ ပိုလို့ ဆိုးလာခဲ့သည်။ facebook မှာ သူရှိလျှင် ကျွန်မလည်း facebook .. twitter ဆိုလည်း twitter နှင့် သူ့ နောက်ကို အွန်လိုင်းကနေ ကျွန်မ တကောက်ကောက်လိုက်မိတော့သည်။ ထိုနေ့ က သူ့ ရဲ့မွေးနေ့ ဖြစ်သည်။ တစ်ညလုံးအိပ်မပျော် .. ၁၂ ကျော်ကတည်းက မွေးနေ့ ဆုတောင်း သူ့ ရဲ့ facebook မှာသွားရေးဖို့ ကြိုးစားပေမဲ့ ကျွန်မ မရေးရဲ။ နောက် စောင့်ရင်းစောင့်ရင်း မနက်မိုးလင်းပြီး ညသာ ပြန်ရောက်သွားသည် .. သူ့ စာမျက်နှာကနေလည်း မထွက်သေး။ ခဏခဏ refrest လုပ်ရလွန်းလို့  လက်ကလှုပ်လိုက်သည်နှင့် F5 ကိုသာ ရောက်ရောက်သွားတော့သည်။ ပထမဆုံးမဖြစ်ရင်တောင် နောက်ဆုံးအနေနဲ့  ဒီည ၁၂ မကျော်ခင် သေချာပေါက် မွေးနေ့ ဆုတောင်းပေးမယ် အားတင်းရင်း ၁၁ နာရီ ၅၉ ကျတော့ “မွေးနေ့ မှာ ပျော်ရွှင်ပါစေ ” စာတိုတိုလေး တစ်ကြောင်းထဲ သူ့ ဆီမှာရေးခဲ့ပေမယ့် “တဒုန်းဒုန်း တဒိုင်းဒိုင်း” နှင့် ကျွန်မရင်ခုန်သံတွေက ဆူညံလို့ နေတော့သည်။ ထိုညတစ်ညလုံးလည်း အိပ်မပျော်ဘဲ သူ့ ကို ပေးထားတဲ့ ဆုတောင်းလေးပဲ ကျွန်မအခါအခါပြန်ကြည့်နေမိသည်။ နောက်နေ့ မနက်ရောက်ချိန်မှတော့ သူ့ ဆီက like ဆိုတဲ့ စာလေးကိုလည်းတွေ့ ရော ကျွန်မ နှုတ်ခမ်းများ မစေ့နိုင်လောက်သည်အထိ အပျော်ကြီးပျော်ရွှင်ခဲ့ဘူးသည်။

သို့ သော် ကျွန်မ၏ ပျော်ရွှင်မှုများ ရပ်တန့် သွားသောနေ့ လေးလည်းရှိသေးသည်။ ကျွန်မ အပြင်မထွက်ချင် မိုးခပ်အုံ့ အုံ့ နေ့ ဆိုပေမဲ့လည်း အပြင်သွားရင် ပြင်ဆင်ရမည့်အရေးကိုတွေးပြီး ကျွန်မ အိမ်တွင်ကွေးနေဖို့ ပဲ စိတ်အားထက်သန်စွာနဲ့ ရှိသည်။

“တောင် တောင် .. ” မြည်လာသော အိမ်တံခါးသံကြောင့် အပေါက်ဝမှာ ကြည့်မိတော့ ကျွန်မ၏ သူငယ်ချင်း မှုံမှုံ ..

“ဟဲ့ .. မပြင်ရသေးဘူးလား .. ၁ နာရီသွားမယ်လို့ ပြောထားတယ်လေကွာ .. ” ကျွန်မ ဘာမှ မပြင်ဆင်ရသေးသည်ကိုကြည့်ကာ စိတ်ပျက်သည့်လေသံနှင့်ပြောလာသော  မှုံ့ ကို ကျွန်မကြည့်ပြီး

“ငါ မသွားချင်ဘူးလို့  ပြောပြီးပြီလေ .. ကိုယ့်ဘာသာကိုယ်သွားပါလား ” ပြောရင်း မှုံ့ ကို အိမ်ထဲခေါ်ပြီး တံခါးလေးပြန်ပိတ်လိုက်သည်။ နောက် ကျွန်မအခန်းထဲသို့ သွားတော့ မှုံကလည်း အနောက်ကနေလိုက်လာသည်။

“တစ်ယောက်ထဲ မသွားချင်လို့  .. နင့်ကို လာခေါ်တာပေါ့ .. အဝတ်အစားလဲကွာ .. ပြီးရင် သွားရအောင် ..” ကျွန်မကို ဂျီကျနေသော မှုံ့ ကိုကြည့်ပြီး ကျွန်မ သက်ပြင်းလေးချကာ ဘီဒိုထဲမှ အကျီ င်္ရှည်တစ်ထည်နှင့် အသားကပ်ဘောင်းဘီ အနက်ကို ဆွဲထုတ်ပြီး လဲလိုက်သည်။ နောက် မိတ်ကပ် အနည်းငယ် မျက်နှာပေါ်ဟိုခြယ်ဒီခြယ်လုပ်ပြီး ဆံပင်ကို ခပ်စောင်းစောင်းလေး စည်းလိုက်ပြီး အိတ်ကလေးဆွဲကာ မှုံ့ နောက်သို့ လိုက်လာခဲ့သည်။ ရထားပေါ်ရောက်တော့

“ဘယ်ကိုသွားမှာလဲ .. မှုံ”

“Orchard သွားမလားလို့ ”

“အာ .. Orchard က ပစ္စည်းတွေက ဈေးကြီးတယ် .. တစ်ခြားသွားရအောင် .. Woodlands က shopping center ပြင်ထားတာ ပြီးပြီလို့ ပြောတယ် .. အဲ့ကိုသွားရအောင် .. ဆိုင်ခန်းအသစ်တွေလည်း ထပ်ဖွင့်တယ်တဲ့ ” ကျွန်မပြောတော့ မှုံခေါင်းငြိမ့်ကာ သဘောတူပြီး ကျွန်မတို့ နှစ်ယောက် Woodlands သို့ ထွက်လာခဲ့ကြသည်။ ထိုနေ့ က ကျွန်မ မှုံပြောသလို Orchard ကိုပဲ သွားခဲ့ရင်ကောင်းသား .. မဟုတ်လို့ ရှိရင်လည်း အိမ်မှာပဲ ပေကာ ကျွန်မနေဖို့ ကောင်းသည်။ ရထား ပေါ်ကဆင်း လက်မှတ်ဖြတ်ပြီးပြီနှင့် အရှေ့ တည့်တည့်တွင် shopping center ဖြစ်သည်။ နှစ်ယောက် စကားတပြောပြောနှင့် ဝင်သွားမိသည်။ နောက် ဟိုဆိုင် ဝင်ကြည့် ဒီဆိုင်ဝင်ကြည့်နှင့် အချိန်ဖြုန်းနေမိသည်။

“နင်နော် .. နှိုင်း  .. အဲ့လိုမစနဲ့ .. ငါမကြိုက်ဘူး” ရုတ်တရက်ကြားလိုက်ရသော စကားသံကြောင့် ကျွန်မ အသံလာရာသို့ လှည့်ကြည့်မိလိုက်သည်။ ခပ်ပုပု အသားဖြူဖြူ ပါးဖောင်းဖောင်းနှင့် ချစ်ဖို့ ကောင်းသည်ဟု ပြောလို့ ရသည့်ကောင်မလေးတစ်ယောက် နှုတ်ခမ်းလေးဆူကာ ကျွန်မဘက်သို့ လှည့်နေသည်။ သူမ၏နောက်တွင် ကောင်လေး သုံးယောက်လောက်လည်းပါသေးသည်။ ကြည့်ရတာကတော့ ကောင်လေးသုံးယောက်က ထိုကောင်မလေးကို စနေခြင်းဖြစ်သည်။ ကျွန်မနောက်သို့ ပြန်လှည့်ကာ ကြည့်နေသော ဖိနပ်လေးကို ပြန်ကောက်ကိုင်လိုက်ပြီး စမ်းဝတ်ကြည့်လိုက်သည်။

“နင်နဲ့ အတော်ပဲ .. ယူမလို့ လား”

“ဟင့်အင်း .. တစ်နေ့ ကပဲ .. တစ်ရံဝယ်ထားသေးတယ် .. ဒီနေ့ ထပ်ဝယ်ရင် ဖိနပ်ပိုက်ပြီး အိမ်ပေါ်ကဆင်းရလိမ့်မယ် ” ကျွန်မပြောတော့ မှုံသဘောကျကာ တခိခိ နှင့်ရယ်နေတော့သည်။ ကျွန်မ က တခြားဟာသာ စိတ်မဝင်စားရင်နေမယ် .. ဖိနပ်တော့ မျိုးစုံ အရောင်စုံဝယ်ဝတ်သူဖြစ်သည်။ တစ်လကို အနည်းဆုံး နှစ်ရံလောက်တော့ ဝယ်လေ့ရှိသည့်ကျွန်မထံတွင် ဖိနပ်များတောင်လိုယာလိုပုံလို့ နေသည်။ တစ်ခါတစ်ခါ သူငယ်ချင်းများက အပြင်သွားမလို့ ဖိနပ်လာငှားတာမျိုးတောင်ရှိသေးသည်။ သုံးလက်မ အမြင့်ဖြင့် ရွှေရောင်ကွပ်ထားသော ဒေါက်မြင့်ဖိနပ်လေးကိုပြန်ချကာ ကျွန်မတို့  နှစ်ယောက်ဆိုင်ကနေ ထွက်လာခဲ့သည်။ နောက် အောက်ထပ်တွင်ရှိသော အအေးဆိုင်လေးတွင် အအေးဝင်ဝယ်ပြီး အပြင်သို့ ပြန်ထွက်လာသည်။ ဘယ်နှစ်နာရီလည်း ကြည့်မိတော့ ငါးနာရီထိုးကာနီးပြီဖြစ်သည်။ မကြာခင် ရုံးဆင်းရုံးပြန်များကြောင့် ရထားများ ကားများကြပ်တော့မည်ဖြစ်သည်။ ထို့ ကြောင့် ကျွန်မ မှုံ့ ကို လက်တို့ ကာ

“ပြန်ရအောင် .. ခဏနေရင် ရထားတွေကြပ်တော့မယ် ”

“ခဏနေပါဦး .. ငါ ဘာမှမဝယ်ရသေးဘူး ”

“နောက်နေ့ မှ ဝယ်တော့ ”

“မရဘူး .. မနက်ဖြန် သူ့ မွေးနေ့  .. ”

“နင်ကလေ .. အမြဲတမ်းလုပ်လိုက်ရင် အဲ့တိုင်းပဲ .. ” ပြောရင်း နှစ်ယောက်အထဲသို့ ပြန်ဝင်လာခဲ့သည်။ နောက် အစောတုန်းက ဝင်လိုက်ထွက်လိုက် လုပ်နေသော ဆိုင်များမှာပင် ထပ်ပြီး ဝင်ကာထွက်ကာလုပ်နေကြသည်။ နောက်ဆုံး 77street ကနေ ပိုက်ဆံအိတ် တစ်လုံးဝယ်ပြီးပြန်ဖို့  ဆိုင်ထဲကအထွက် အစောတုန်းက ဖိနပ်ဆိုင်ရှေ့ တွင် တွေ့ ခဲ့သော ကောင်မလေးနှင့် ကောင်လေးသုံးယောက် ထိုသုံးယောက်ထဲတွင် တစ်ယောက်က … ။ ကျွန်မ သူ့ ကိုကြောင်လို့ ငေးနေမိသည်။ သူ့ ဘက်ကတော့ သတိထားမိပုံမပေါ် သူငယ်ချင်းများနှင့် စနောက်ကာ လျှောက်လှမ်းလာသည်။ မှုံ ကျွန်မ့ကို လှမ်းပုတ်လိုက်တော့မှ သတိပြန်ဝင်ကာ ကျွန်မယောင်တောင်တောင်နှင့် ဆံပင်များသပ်ပြီး ရှက်ကိုးရှက်ကန်းနှင့်ပြုံးမိသည်။ ကျွန်မကြည့်နေရာ နေရာသို့  မှုံလိုက်ကြည့်သည်။ နောက် သူ့ ကိုမြင်သွားတော့ မှုံမျက်မှောင်ကြုံ့ ပြီး ကျွန်မ့ကိုကြည့်ကာ အတင်းလက်ဆွဲပြီး ထိုနေရာမှ ထွက်လာခဲ့သည်။

“စိမ့် .. နင် .. အစောတုန်းက တွေ့ ခဲ့တဲ့လူ .. အဲ့လူကို နင်စိတ်ဝင်စားနေတာတော့မဟုတ်ဘူးမဟုတ်လား ” မေးတော့ ကျွန်မပြုံးကာ

“နင် .. မှတ်မိသေးလား .. ငါ အွန်လိုင်းမှာတွေ့ တယ်ဆိုတာလေ .. သူ .. အွန်လိုင်းမှာထက် အပြင်မှာပိုချောတယ်နော် ” စပ်ဖြီးဇြီးပြောကာလာသော ကျွန်မကို မှုံကြည့်ရင်း

“နင် .. အဲ့လူ ဘယ်သူလဲ .. ဘယ်ကလဲ .. ဆိုတာ နင်သိလို့ လား” ကျွန်မခေါင်းလေးငြိမ့်ကာ

“အသက် ၂၁ နာမည်က နှိုင်းသက် .. အခု diploma ပြီးလို့  degree ဆက်တက်နေတယ် .. အကိုတစ်ယောက် အစ်မတစ်ယောက်ရှိတယ် .. နောက်ပြီး မိသားစုလိုက် ဒီမှာနေကြတယ် ” မှုံ ကျွန်မ့ကိုခေါင်းခါပြီး

“နင်တော့ ရူးနေပြီ .. အဲ့အကြောင်းတွေ နင့်ကို ဘယ်သူပြောတာလဲ .. ”

“ဘယ်သူမှပြောစရာမလိုပါဘူး .. အင်တာနက်ကနေရှာ .. ရနေတာပဲ ”

“အော် .. အင်တာနက် .. အဲ့အင်တာနက် ကနေ နင် သူ ဘယ်လောက်ရှုပ်တယ် .. ဘယ်လောက်ကမြင်းကျော ထတာတွေရော .. ရှာမတွေ့ ဘူးမှတ်လား .. ”

“နင်ကလည်း .. ဘာဖြစ်နေတာလဲ .. ငါနဲ့ သူနဲ့ ဘာမှ ပတ်သက်တာလဲမဟုတ် .. ငါက သူ့ ကို ဒီအတိုင်း စိတ်ဝင်စားရုံပဲဟာကို .. ” ကျွန်မပြောပြီး မှုံ့ ဘေးမှာထွက်လာခဲ့သည်။ မှုံ ကတော့ သိပ်ကျေလည်ပုံမရ .. ။

“စိမ့် .. ငါက နင့်ကိုခင်လို့ ပြောတာပါဟာ .. ငါတို့ တွေအကုန်လုံး .. သူများနိုင်ငံမှာ ကျောင်းလာတက်ကြတာ .. ဒီကလူတွေ ငါတို့ ကို ဘယ်လိုနိုမ်လဲဆိုတာ နင်လဲသိနေတာပဲ .. ကျောင်းတက်တဲ့အချိန်မှာ .. တစ်ခြားအရာတွေ နင့်ခေါင်းထဲ မရောက်စေချင်လို့ ပါဟာ .. ” လေသံတိုးတိုးလေးနဲ့ ဆိုလာသော မှုံ့ ကို ကြည့်ပြီး ကျွန်မ အနည်းငယ်အားနာသွားသည်။ မှုံပြောတာလည်း ဟုတ်ပါသည်။ ကျွန်မ မှုံ့ ကို လှမ်းဖက်လိုက်ပြီး

“နင်ကလည်း .. ” နောက် ကျွန်မတို့ နှစ်ယောက် အိမ်သို့ အတူတူပြန်လာခဲ့သည်။ မှုံက ကျွန်မတို့ အိမ်နှင့် သိပ်မဝေးသော block တွေ သူငယ်ချင်းများနှင့် အတူတူနေသူဖြစ်သည်။ ကျွန်မကတော့ မိသားစုတစ်စုလည်း ဒီကိုပြောင်းလာတော့ မှုံ့ လောက် အိမ်လွမ်းခြင်း သိပ်မဖြစ်။ ဒီရောက်ပြီး မှုံက ကျွန်မနှင့် ပထမဆုံးတွဲလာသော သူငယ်ချင်းဖြစ်သည်။ အွန်လိုင်းတွင်တွေ့ ပြီး အပြင်တွင်တွေ့ ကာ ခင်မင်လာကြပြီး အခုဆို ညီအမ များလို ပြောမနာဆိုမနာ များလည်းဖြစ်လာကြသည်။ လူတစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းကခင်ပြီး အခုလို ညီအမလိုဖြစ်ဖို့ ဆိုတာ လွယ်ကူသည်တော့မဟုတ်။ မှုံနဲ့ ကျွန်မက တော်တော်များများ အကြိုက်ချင်းလည်းတူကြသည်။ နောက်ပြီး တစ်ခုခုလုပ်မည်ဆိုတိုင်း ကျွန်မကို အမြဲလိုလို ဦးစားပေးကာ ထိပ်ဆုံးက စဉ်းစားပေးတတ်သော မှုံ့ ကို ကျွန်မ အခင်အမင်ပိုခဲ့သည်။ ထို့ ကြောင့် မှုံ တစ်ခုခုလုပ်မယ်ဆိုတိုင်း ကျွန်မ ပါးစပ်က ငြင်းပေမဲ့ လက်များခြေများကတော့ အမြဲ အဆင်သင့် ဖြစ်ကာနေတတ်သည်။ နောက်မကြာခင်မှာ လအနည်းငယ်အတွင်းမှာ ကျွန်မရော မှုံရော ကျောင်းပြီးတော့မည်ဖြစ်သည်။ တက်သောကျောင်းချင်းမတူပေမဲ့ ယူထားသော ဘာသာချင်းတူတာမို့  နှစ်ယောက်အမြဲလိုလို တွဲကာတစ်ခြားသူများထက်နေမိသည်။ တစ်ခုပဲ ရှိသည်။ မှုံသည် ယောကျာ်းများကိုတော့ မုန်းသည်။ ကျွန်မကိုလည်း ယောကျာ်းလေးများနှင့် ပေါင်းသင်းသည်ကိုမကြိုက်ပေ။

အိမ်ပြန်ရောက်တော့ ကွန်ပြူတာဖွင့်ပြီး ကျွန်မ သူ့ facebook ထဲဝင်ကြည့်နေမိသည်။ ထူးဆန်းစွာ ဒီနေ့  သူ့ အကောင့်လေးက စိမ်းလို့ လာသည်။ သွားခေါ်ရင်ကောင်းမလား .. မကောင်းဘူးလား .. စဉ်းစားရင်း လက်ချောင်းများက “ Hi ” လို့ ရိုက်မိသည်။ သိပ်မကြာလိုက် သူ့ ဘက်ကလည်း ပြန်ရိုက်သည်။ ကျွန်မ ပျော်လိုက်လေခြင်း။ ၂ နှစ်ကျော်အတွင်း ပထမဦးဆုံးအကြိမ် သူနှင့် ချက်မိခြင်းဖြစ်သည်။ ပျော်လွန်းလို့  လူက တစ်ညနေလုံး ခုန်ဆွခုန်ဆွဖြစ်နေမိသည်။ နောက်ရက်ပိုင်းများမှာလည်း သူ ညနေတိုင်း ပုံမှန် အွန်လိုင်းတက်လာသည်။ တစ်လလောက်ကြာတော့ ကျွန်မတို့ နှစ်ယောက် အခြေအနေတိုးတက်လာသည်ဟု ဆိုလိုလို့ ရသည်။ သို့ သော် သူနဲ့ကျွန်မအကြောင်းအရာများကိုတော့ ကျွန်မ မှုံ့ ကိုမပြောရဲ။ မှုံ သိလျှင် ကျွန်မကို ဆူဦးမည် ဖြစ်သည်။ နောက်ပိုင်း အွန်လိုင်းကနေ ဖုန်းပေါ်ထိရောက်လာသည်။ နောက်သူက အပြင်မှာတွေ့ ချင်သည်ဟု ဆိုလာရာတွင် .. ကျွန်မ မဆိုင်းမတွခေါင်းငြိမ့်မိသည်။

ဒီနေ့  .. သူနဲ့ ပထမဆုံး အပြင်မှာတွေ့ ဆုံမည်ဖြစ်သည်။ မနေ့ ကမှ မှုံနှင့်အတူသွားဝယ်ထားသော ဒူးလောက်ထိရှိသော အဖြူရောင် ဂါဝန်လေးဝတ်ကာ အိတ်ကလေးလွယ်ကာ သူ့ ကိုစောင့်နေမိသည်။ သိပ်မကြာလိုက် .. အနက်ရောင် အကျီ င်္နှင့် ဂျင်းဘောင်းဘီအတိုလေးဝတ်ကာလာနေသော သူ့ ကို ကျွန်မ မျက်တောင်မခတ်တမ်းကြည့်မိသည်။ အနက်ရောင် အကျီ င်္ကြောင့် ဖြူသော သူ့ အသားအရေမှာ ပိုလို့ ထင်းလို့ နေသည်။ ရယ်လိုက်ရင် ပါးချိုင့်လေးများပေါ်လာတတ်သော သူ့ အပြုံးကို ဓာတ်ပုံထဲသာ ကျွန်မတွေ့ ဘူးပေမဲ့ .. တကယ့်အပြင်မှာတွေ့ လိုက်ရတော့ ကျွန်မရင်ခုန်သံများရပ်တန့် လို့ သွားတော့သည်။ ဝုန်းဝုန်း ဒိုင်းဒိုင်းနှင့် သောင်းကျန်းနေသော ကျွန်မ ဘယ်ဘက်ရင်အုံကို လက်ဖြင့်အသာဖိကာ တစ်ဖက်သို့ အကြည့်လွှဲလိုက်သည်။

“စိမ့် … မဟုတ်လား”  ဖုန်းထဲတွင် ညတိုင်းလိုလိုကြားနေကြ အသံချိုချိုလေးကို အပြင်မှာတော့ ပိုလို့ ချိုမြိန်လို့ နေသည်။ ကျွန်မခေါင်းငြိမ့်ပြတော့ သူ ပါးချိုင့်လေးများပေါ်လာသည်အထိ ပြုံးကာ

“ဘာစားပြီးပြီလဲ .. တစ်ခုခုသွားစားရအောင်” အိမ်ကထွက်လာတုန်းက စားပြီးပြီပေမဲ့ .. သူ့ ရှေ့ တွင် ပုတ်သင်ညိုတစ်ကောင်လိုပင် ကျွန်မ အရာရာတိုင်းကို ခေါင်းငြိမ့်နေမိတော့သည်။ မုန့် စားပြီးနောက် ကျွန်မတို့ နှစ်ယောက် စာကြည့်တိုက်ထဲဝင်ကာ စာအုပ်အတူတူသွားဖတ်ကြသည်။ သူက သူဖတ်နေကြစာအုပ်ကို ကျွန်မကိုပေးဖတ်ကာ မသိတာမျိုးကို တစ်ခုချင်းစီရှင်းပြတတ်သည်။ နောက် သူ နှစ်သက်သည့် ကြယ်များ ဥက္ကာပျံများအကြောင်းကိုလည်း ပုံတွေတစ်ခုခုပြကာ ပြောပြသည်။ သူဘာပြောပြော ကျွန်မနားထဲတွင်တော့ အလွန်ချိုသာလှသည်။ တစ်ခါတစ်ခါ သူပြောပြတဲ့ ကြယ်တွေအကြောင်းထက် သူ့ မျက်တောင်လေး ခပ်သွားပုံ သူ့ နှုတ်ခမ်းလေး ကွေးသွားပုံ ကို ကျွန်မအလွတ်လိုက်ကျက်မိသည်။ တစ်ခုခုပြောလို့ ပြီးသွားတိုက် လက်ညိုးနဲ့ လက်ခလယ်လေးကို နှုတ်ခမ်းတွင်ကပ်လေ့ရှိသော သူ့ ရဲ့အကျင့်လေးကိုလည်း ကျွန်မ ဒီနေ့ သိခဲ့ရသည်။ ညနေအိမ်ပြန်ချိန်ရောက်တော့လည်း သူ ကျွန်မကို အိမ်အဝထိရောက်အောင်လိုက်ပို့ ပေးတော့ တစ်ဘက်ကသူလိုက်ပေးလို့ ကြည်နူးပေမဲ့ တစ်ဘက်က အိမ်ကလူတွေ ဒါမှမဟုတ် မှုံများတွေ့ သွားမလားဆိုပြီး စိုးထိတ်မိပြန်သည်။

နောက်ပိုင်းတွင်လည်း တစ်ပတ်ကို အနည်းဆုံး သုံးရက်လောက်တော့ ကျွန်မတို့ နှစ်ယောက်တွေ့ ခဲ့ကြသည်။ သူ့ နဲ့ တွေ့ တိုင်း သူရဲ့ အပြောအဆို အပြုအမူတွေမှာ တစ်နွယ်ပြီးတစ်နွယ် ကျွန်မရစ်ပတ်လို့ လာတော့သည်။ ကျွန်မသူ့ ကို သိခဲ့တာ လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းကဆိုလျှင် သူ ကျွန်မကို တမျိုးများထင်သွားမလား .. သူ့ ကိုဇာတ်လမ်းများရေးတယ်ဆိုပြီး ဖြစ်သွားမလားဆိုပြီး ကျွန်မ မပြောဖြစ်ခဲ့။ သူနဲ့ ခင်ပြီးနောက်ပိုင်း မှုံ့ ကို အရင်လို ကျွန်မ မတွဲဖြစ်ခဲ့တော့။ မှုံကလည်း ကျွန်မ အမူအရာတွေပြောင်းလာသည်ကို သတိထားမိတော့ နေ့ ညမပျက်မေးခွန်းများဖြင့် ချောင်ပိတ်ဖို့  ကြိုးစားလာသည်။ အထူးသဖြင့်အခုတစ်လော ကျွန်မအမြဲလိုလို မှိုင်ထွေထွေဖြစ်နေသည်ကို မှုံပိုလို့  သတိထားမိသည်။

“စိမ့် .. နင်ဘာဖြစ်နေတာလဲ .. မကြည်မလင်နဲ့”

“ဘာမှ မဖြစ်ပါဘူး .. ”

“နင့်ရုပ်က ဘာမှမဖြစ်တဲ့ရုပ်မဟုတ်ဘူး .. ငါ့တို့ က သူငယ်ချင်းတွေလေ .. ပွင့်ပွင့်လင်းလင်းပြောစမ်းပါ  .. နင်ကလည်း .. ” 

“မှုံ .. သူ့ မှာ တွဲနေတဲ့ ရည်းစားကြီးနဲ့  ” ကျွန်မ မျက်ရည်များကျကာ .. ပြောမိသည်။

“ဘယ်သူ့ ဆီမှာလဲ .. ” မှုံအမေးကို

“နှိုင်း .. ဆီမှာ .. သူ့ ဆီမှာ ရည်းစားကြီးရှိရက်သားနဲ့  .. ” ပြောပြီး တိမ်ဝင်သွားသော ကျွန်မအသံများကြောင့် မှုံ မျက်မှောင်ကျုံ့ ကာ

“နှိုင်း .. ဟိုနှိုင်းသက် ဆိုတဲ့ကောင် မဟုတ်လား .. သူ့ ဆီမှာ ရည်းစားရှိတာဆန်းလားဟယ် .. တစ်လ တစ်ယောက်အမြဲလဲနေတဲ့သူ .. ဒါများ နင်က .. မျက်ရည်ကုန်ခံပြီး ငိုနေသေးတယ် .. တိတ်တော့ ” ဆိုပြီး တစ်ရှူးထုတ်ပြီး  ကျွန်မကိုလှမ်းပေးတော့ ကျွန်မခေါင်းလေးငုံ့ ကာနေလိုက်သည်။ မှုံ့ ကို ပြောပြလို့ မဖြစ် မှုံသိရင် ကျွန်မကိုအော်လိမ့်မည်ဖြစ်သည်။ အပြင် ဝရံတာလေးဘက်ထွက်လာရင်း ကိုင်ထားသာ ဖုန်းလေးကို ကြည့်ပြီး သူ့ ဖုန်းနံပါတ်များကိုနိုပ်လိုက်သည်။ တစ်ဖက်က ပြန်လည်ဖြေကြားခြင်းမရှိ။ ကျွန်မ မျက်ရည်များ အတားအဆီးမရှိကျလာသည်။ သူ့ ကို တစ်နေ့ က ကောင်မလေးတစ်ယောက်နှင့်တွဲကာ တွေ့ လိုက်သည်ဟု သူငယ်ချင်းတစ်ယောက်ကလာပြောသည်။ အစက မယုံဘဲနေပေမဲ့ .. နောက်ပိုင်း ကိုယ်တိုင်မျက်စိဖြင့် မြင်တွေ့ ရသည့်အချိန်တွင်တော့ ကျွန်မခံနိုင်ရည်အားမရှိတော့။ တစ်ချိန်က သူရဲ့ ပါးချိုင့်လေး အသံလေး အကြည့်လေး တွေက အခုတော့ ကျွန်မဆီတွင်မရှိတော့ .. ကျွန်မမဟုတ်တဲ့ သူတစ်ယောက်နဲ့  ဘာမှမဖြစ်သလို နေနိုင်တဲ့သူ့ ကိုကြည့်ပြီး ကျွန်မရင်တွင် တဆစ်ဆစ်နှင့်နာကျင်လာသည်။ တော်ရုံတန်ရုံ မျက်ရည်မဝဲတတ်တဲ့ မျက်လုံးများကလည်း သူနဲ့ ပတ်သက်လာရင် ကျလာလိုက်တဲ့မျက်ရည် မိုးပြိုသည့်အတိုင်းပင်။ သူ ကျွန်မကို ချစ်တယ်လို့ မပြောခဲ့ပေမဲ့ .. သူ့ အကြည့် သူ့ အထိတွေကနေ …  ။ ကျွန်မ ခေါင်းကိုအသာရမ်းလိုက်သည်။

ဒီနေ့ သူ့  အိမ်ရှေ့ မှာ ကျွန်မ သူ့ ကိုရပ်စောင့်နေမိသည်။ သူထွက်လာတော့ ကျွန်မနဲ့ သူ စကားများကြသည်။ လူတွေက ကျွန်မတို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားပြီး နောက်ဆုံး ကျွန်မ သူ့ ဆီက ရလိုက်တာကတော့ သူ့ ရဲ့ ကျောပြင်သာဖြစ်သည်။ တဖြည်းဖြည်းဝေဝါးဝါးသွားသော သူ့ ရဲ့ ကျောပြင်ကိုကြည့်ရင်း ကျွန်မပြုံးမိလိုက်သည်။ သူ မယုံကြည် .. ကျွန်မစကားများကိုသူမယုံကြည်ပေ။ ကျွန်မဆီတွင် သူ့ ရဲ့  .. သူ မယုံကြည်။ တဟူး .. ဟူး .. ဖြင့်တိုက်ခတ်လာ လေများက ကျွန်မ ဆံပင်များကို ကျီစယ်သွားသည်။ သူနှင့်တွေ့ စဉ်က ဝတ်ခဲ့သော အဖြူရောင် ဂါဝန်လေးက အနည်းငယ် ဝါကျင်ကျင်ဖြစ်နေပြီဖြစ်သည်။ ဗိုက်ကလေးကို လက်ကလေးဖြင့်အသာကိုင်ကာ ကျွန်မ မျက်လုံးများမှိတ်လိုက်သည်။ သူ့ ရဲ့ ပါးချိုင့်လေး သူရဲ့ ကြယ်ကလေးတွေအကြောင်း သူရဲ့ အသံလေး သူနဲ့ ပတ်သတ်တဲ့အရာအားလုံး တစ်ခုချင်းစီပြန်မြင်ယောင်လာသည်။ နောက် .. နာကျင်မှုတစ်ခု ကျွန်မခံစားလိုက်ရသည်။ သို့ သော် ကျွန်မ နှလုံးသားစီမှ လာသော နာကျင်မှုလောက် တော့ နာကျင်ခြင်းမရှိ။

xxxxxxxxxxxxxxxxx                       xxxxxxxxxxxxxxx                xxxxxxxxxxxxxx

ရဲကားများ ဆေးရုံကားများဖြင့် တိုက်အောက်ထပ်တွင် ဆူညံလို့ နေသည်။ “သေဆုံးချိန် ၉ နာရီခွဲ တိုက်ပေါ်မှ ခုန်ချကာသေကြောင်းကြံစည်ခြင်း” စစ်ချက်များ ယူသွားပြီး နောက်ဆုံး ကျန်ခဲ့သည်မှာ သွေးကွက်အချို့ နှင့် သူတို့ မြေဖြူဖြင့်ဆွဲထားသော လူပုံလေးသာ။ ဘာလို့ လဲ ဘာလို့ လဲ ကျွန်မထပ်တလဲလဲ မေးမိသည်။ “ဘာတွေများ ဒီလောက်ခက်ခဲလို့  နင်ဒီလမ်းကိုရွေးခဲ့တာလဲ စိမ့်ရယ် .. နင် သူ့ ကိုချစ်တယ်ဆိုတာကို သေခြင်းနဲ့ သက်သေပြသွားတာလား  .. နင် .. တကယ်ပဲ .. ” စကားလုံးများ ကျွန်မလည်ချောင်းတွင် တစ်လို့ လာခဲ့သည်။ ကောင်းကင်ကြီးကိုမော့ကြည့်မိတော့ အဝေးမှာ ကြယ်လေးတစ်လုံး မှိတ်တုပ်တုပ်နှင့် တောက်ပနေသည်။ “နင် သေရင် ကြယ်ဖြစ်ချင်တယ်ဆို  .. အဲ့ဒီကြယ်က နင်လား .. ” ကျွန်မမေးရင်း မျက်ရည်များ လိမ့်ဆင်းလို့ လာသည်။ မျက်ရည်များသုတ်ရင်း အိမ်ပြန်ရန် ကျွန်မခြေလှမ်းများပြင်လိုက်မိသည်။ ဝှေ့ ခနဲ့ တိုက်ခတ်လာသော ညလေညှင်းက ကျွန်မ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့်ဖြစ်သွားစေသည်။ ကောင်းကင်ကြီးကိုတစ်ချက်ပြန်မော့ကြည့်မိတော့ ကြယ်ကလေးက မှိတ်တုပ်မှိတ်တုပ်ပင် .. ။

April
30.09.2011 (11:33 PM) FRI
                 

9 comments:

မေသိမ့်သိမ့် ကျော် said...

ဖြစ်မှဖြစ်ရလေ... ကလေးရယ်။ ဒုက္ခပါပဲကွယ်။


ခင်တဲ့
မေသိမ့်

April said...

မမေသိမ့် --> လာအားပေးသွားလို့  ကျေးဇူးပါ .. မ ^^

Anonymous said...

ဟာကွာ... အဲ့နည်း ဘာလို့ရွေးသွားတာလဲကွာ..
အချစ်အတွက် အဲ့လောက်တောင် စွန့်စားသွားရလား...
တော်တော် မိုက်ရူးရဲဆန်တာပဲ.. :)

ခင်လျက်
အဖြူလေး

April said...

ကိုဖြူလေး --> အယ် .. ကိုဖူလေးကတော့လုပ်တော့မယ် .. အဟိ :D

ချောကလက်ကျူးပစ်လေး said...

အချစ်အတွက်အသက်ပေးသွားတယ်နော်...
သားတော့အဲဒီလိုလုပ်နိုင်ဘူး..ပီားး

ချောကလက်ကျူးပစ်လေး

စံပယ်ချို said...

တစ်ချို့ကပြောကျတယ် တော်တော် မိုက်ရူးရဲဆန်တာပဲတဲ့
မဟုတ်ပါဘူး
အဲတာ အချစ်လေ - ဒါပဲ အချစ်ဆိုတာ
ချစ်ခင်တဲ့ jasmine(မုန်လာထုပ်)

April said...

ချောကလက်ကျူးပစ်လေး --> အဟိ .. အတင်းလည်းလုပ်ခိုင်းပါဘူးနော် ..

မjasmine(တောင်ကြီး) --> ကျေးဇူးပါ .. မ ^^

ချယ်ရီမေ said...

သနားစရာလေးနော်

April said...

မချယ်ရီမေ --> မန့် လေးအတွက်ရော အချိန်ပေးကာဖတ်ရှုပေးသွားတဲ့အတွက်ရော ကျေးဇူးပါ .. မ ^^

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်