Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
        
  
   

   
    
     

ချစ်သော ဒီဇင်ဘာ



သတိရခြင်းကို ပေါင်ထားခဲ့တယ်
မျက်ရည်တွေသာ တအိအိနဲ့တက်လာတယ်
ချစ်ခြင်း မုန်းခြင်းအပြိုင် လေလံဆွဲချိန်
အလွမ်းတွေက အတိုးသတ်နိုင်ရုံလေးတင်။

ဒီမှာ “ကို”
ဒီဇင်ဘာက လှပလွန်းခဲ့တယ်
ဆောင်းတွင်းမက်တဲ့ အိပ်မက်က
ကယောင်ခြောက်ခြားဆိုလည်း
“ကို” ပါတဲ့ အိပ်မက်ဆို
အကြိမ်တစ်သောင်းမက မက်ရဲခဲ့တယ်။

အပြုံးလေးနဲ့ မိတ်ဆက်ခဲ့တဲ့နေ့
အပြုံးလေးနဲ့လမ်းခွဲခဲ့တဲ့နေ့
ဒီဇင်ဘာထိပ်စီးတူပေမဲ့
သက္ကရာဇ်နောက်ဆုံးဂဏန်းလေးလွဲတော့
၂ နှစ်တာ နာကျင်မှုနဲ့ တမ်းတမှုက
ဆုံးရှုံးခြင်းဆိုတဲ့အပေါင်ဆိုင်ထိပ်မှာ ခေါင်းငုံ့ရင်းပေါ့။

သတိရပါလို့မတောင်းဆိုဘူး
ဒါမဲ့ “ကို့”ဘေးနားက တစ်ဘဝစာဆိုတဲ့
သူမကိုတော့ နာကျဉ်းမိတယ်။

ပြန်လာပါလို့မတောင်းဆိုဘူး
ဗလာပဲ ပါလာမယ့် နှလုံးသားထဲမှာ
သံယောဇဉ်လက်ကျန်တွေနဲ့
လက်ပစ်မကူးချင်တော့ဘူး။

April
17.Apr.2017
10:00 PM


                
             
  
 
  
   

   
    
     

ပိုင် - ဆိုင်သူ



“ဆိုင်သူ” ဆိုတဲ့ စကားလေးတစ်ခွန်းရဲ့ရှေ ့မှာ 
“ပိုင်” ဆိုတဲ့ စာလုံးလေးတစ်လုံးပါဖို့ ... .
နားလည်မှုတွေထွေးပိုက်ကာ စောင့်နေခဲ့ဘူးတယ်



မောင် .. 
စောင့်စားနေသူတွေအတွက်
အချိန်ဆိုတာ ဖြေဆေးဆိုရင် 



ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။ 



April
16.11.2011 (2:03 AM )
                
             
  
 
  
   

   
    
     

အပြုံး




သူတို့တွေပြုံးနေကြတယ် .. 
ရင်ဘက်ထဲက နတ်ဆိုးကပြောတယ်
အဲဒါ မာယာတွေတဲ့ ။

 နှုတ်ခမ်း နှစ်လွှာ လှုပ်ရှားတိုင်း 
ငါ့အကြောင်းများလား ဆိုပြီး
စိုးထိတ်ရတဲ့ နေ့တွေ
ဘယ်တော့ များ ကုန်ဆုံးမလဲ ။

ဒီတစ်ညလည်း 
တိတ်ဆိတ်မှု နဲ့အတူ နာကျဉ်းမှု ကဘေးမှာ
 နှလုံးသားကတော့ အေးစက်စက်ပေါ့ ။

တကယ်တော့ .. ငါဟာ 
အပြုံးတွေ မရှိတဲ့ကမ္ဘာမှာ
ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ ။

April
13.06.2011