ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကျွှန်မကိုမေးခွန်းလေးတစ်ခုမေးခဲ့တယ် .. နင့်ရဲ့အချစ်ဦးက ဘယ်သူလဲတဲ့။ “အချစ်ဦး” ဆိုတာ ဘာကိုသတ်မှတ်ပြီးခေါ်တာလဲ ကျွှန်မသူ့ကိုပြန်မေးတော့ သူက ပထမဆုံးရင်ခုန်ခဲ့တဲ့သူကို အချစ်ဦးလို့ခေါ်တာတဲ့။ နောက်တစ်ယောက်ကကျတော့ နင် “ချစ်တယ်” လို့ပထမဆုံးပြောဖူးတဲ့သူ .. ။ နောက်ဆုံးတစ်ယောက်ကျတော့ နင့်ကို “ချစ်တယ်”လို့ ပထမဆုံးပြောတဲ့သူ .. ။ သူတို့တွေ ပြောနေကြတာကိုကြည့်ပြီး ကျွှန်မပြုံး၍စဉ်းစားမိသည် .. ဘယ်သူက ကျွှန်မရဲ့ အချစ်ဦးများလဲ .. ။
ပထမ သူငယ်ချင်းပြောသလို ကျွှန်မ ပထမဆုံးရင်ခုန်ခဲ့တဲ့သူ ...
အိမ်ရှေ့အိမ်က အစ်ကိုကြီးပင်ဖြစ်သည်။ မှတ်မှတ်ရရ ကျွှန်မ သူ့ကို စတွေ့တာ bio ကျက်နေတဲ့အချိန်။ အိမ်ရှေ့တွင် ရုတ်တရက် ရပ်လာသော ကားပြာလေးကို ကျွှန်မငေးလို့ကြည့်မိသည်။ ထို့နောက် ကားရှေ့ခန်းမှ ထွက်လာသော သူ … အရပ်ရှည်ရှည် .. အသားဖြူဖြူ .. ဆံပင်ကို သူ့မျက်နှာဘဲဥပုံနဲ့လိုက်အောင် မတိုမရှည် ညှပ်ထားသော သူရဲ့ပုံစံမှာ အရမ်းကြည့်လို့ကောင်းသည်။ ရှပ်အကျီ ၤအဖြူရောင်ကို quarter ဘောင်းဘီ နက်ပြာရောင် နှင့်တွဲဝတ်ထားသော သူရဲ့ပုံမှာ အရမ်းကြည့်ကောင်းသည်ထက် ပိုလို့ပိုလို့ကြည့်လို့ကောင်းသည်။ “ဒုတ် .. ဒုတ် .. ဒုတ်” ပထမဆုံးအကြိမ် ကျွှန်မ လူတစ်ယောက်ကိုကြည့်ပြီး ဒီလောက်ရင်ခုန်သံမြန်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကို ကျွှန်မရဲ့ “အချစ်ဦး” လို့ သတ်မှတ်ရမည်လား ..
ဒုတိယ သူငယ်ချင်းပြောသလို ကျွှန်မ “ချစ်တယ်” ပြောဖူးတဲ့သူ ...
အဲဒါဆိုရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်က ကျွှန်မနဲ့သိခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်။ သုံးလလောက် တစ်ယောက်နဲ့တစ်ယောက်သိခဲ့ပြီး … ကျွှန်မ သူ့ကို အဖြေပေးခဲ့သည်။ တစ်လလောက်တွဲပြီးတဲ့အချိန်မှာတော့ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတဲ့ ... သူ့ကို “အချစ်ဦး” လို့ ကျွှန်မခေါင်းစဉ်တပ်ရမည်လား ...
နောက်ဆုံး သူငယ်ချင်းပြောသလို ကျွှန်မကို “ချစ်တယ်” လို့ပထမဆုံးပြောတဲ့သူ ...
အိမ်က လူလာမကြိုသေးရင် အခန်းထဲမှာနေဆိုတဲ့ ဆရာမစကားကြောင့် ကျွှန်မအခန်းထဲမှာ ထိုင်နေမိသည်။ တစ်တန်းလုံးမှာမှ ကျွှန်မရယ် သူရယ် နှစ်ယောက်ထဲကျန်တော့သည်။ ကိုကြီးက သူ့အတန်းပြီးရင် လာခေါ်မယ်ဆိုပြီး ခုထိလာမခေါ်သေး။ ရောက်လာတော့မလား ရောက်လာတော့မလား အတန်းအပြင်ကိုငေးနေသော ကျွှန်မ ဘေးသို့သူရောက်လာသည်ကို ကျွှန်မ လုံးဝသတိမထားမိ။ သူ ကျွှန်မနာမည်ကို အသာလေးခေါ်တော့ ကျွှန်မလန့်လို့သွားသည်။ ထို့နောက် ကျွှန်မ နောက်လှည့်ကြည့်မိတော့ ဘေးမှာကပ်ကာထိုင်နေသောသူ .. သူက ကျွှန်မနား နားသို့ကပ်ကာ “ငါ .. နင့်ကိုချစ်တယ်” လို့တိုးတိုးပြောတော့ ကျွှန်မ သူ့ကိုမျက်လုံး အဝိုင်းသားနဲ့ကြောင်လို့ကြည့်နေမိသည်။ …. သူပဲလား … “အချစ်ဦး” ဆိုတာ …
Tynisha Keli ရဲ့ My First Love ဆိုတဲ့ သီချင်းနဲ့မြည်လာသော ဖုန်းလေးကိုကြည့်ပြီး ကျွှန်မပြုံးမိသည်။ ထို့နောက် ဖုန်းထဲက တစ်ယောက်သောသူက “ချစ် .. မင်းကို ကိုယ်အရမ်းချစ်တယ် … မင်းက ကိုယ့်ရဲ့အချစ်ဦးပါ” ဆိုတော့ ကျွှန်မရှက်ပြုံးတစ်ချက် ဖုန်းနောက်ကွယ်မှာပြုံးရင်း “ကို ကလည်း ချစ်ရဲ့ အချစ်ဦး …. ” လို့ပြောရင်း .. ကျွှန်မအတွက် “အချစ်ဦး” ဆိုသည်မှာ …………………………………………………………… ဖြစ်ပါတော့သည်။
No comments:
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်