တစ်နေရာ



တိမ်လွှာလေး ကောင်းကင်ကြီးမှာ လေတိုက်တိုင်းလွှင့်မျော်နေတယ် .. တစ်ခါတစ်ရံ တိမ်လွှာလေး အပေါင်းအသင်းတွေနဲ့ တွေ့ ပြီး ကောင်းကင်ကြီးမှာ တိမ်တိုက်ကြီး တစ်ခုဖြစ်လာတယ် … အချိန်အတိုင်းအတာ တစ်ခုရောက်တော့ လေမင်းရဲ့ လှုံဆော်မူကြောင့် တိမ်လွှာလေး တိမ်တိုက်ကြီးနဲ့ ကွဲကာပြီး .. နေရာအသစ်ကိုရောက်လာခဲ့တယ် .. တိမ်လွှာလေး အားမငယ်ပါဘူး .. ကောင်းကင်ကြီး ရှိနေသ၍ တိမ်လွှာလေး အတွက် နေရာတစ်နေရာအမြဲရှိနေမှာပါ .. မိုးစက်လေးတွေ မိုးကြိုးချုန်းသံတွေ က တိမ်လွှာလေးရဲ့ ခံစားချက်တွေပေါ့ .. ကောင်းကင်ကြီးကတော့ တိမ်လွှာလေးကို သတိထားမိမှာ မဟုတ်ပေမဲ့ .. ကောင်းကင်ရဲ့ တစ်နေရာမှာ နေရတာကိုပဲ တိမ်လွှာကျေနပ်မိပါတယ် .. ကောင်းကင်ကြီးကို တိမ်လွှာလေး အမြဲပြောချင်ခဲ့တာကတော့  .. " ကျေးဇူးပါပဲ " …
                 

No comments:

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်