စကားလုံးတွေထဲမှာ
ဓားသွားများထည့်ထားသလား မောင်ရယ် ..
မာနကိုရိုက်ချိုး မျက်ရည်တွေကိုမှ လောင်းချိုးချင်တယ်တဲ့လား ..
ဝင်သက်ထွက်သက်လေးကိုတောင်မှ မငဲ့ညှာ
ပေးခဲ့တဲ့ ဒဏ်ရာတွေက ရင်ဝမှာ ဆို့ စေတယ် ..
တူညီတဲ့ခေါင်းစဉ်အောက်
ထားခဲ့သူနဲ့  ထားခံရသူ
ဘယ်ဘက်အခြမ်းမှာ နေချင်သလဲတော့ မမေးပါနဲ့  ..
ညင်သာစွာ ကွဲအက်လာတဲ့အသည်းကို
မြင်သာအောင် မပြတတ်လို့ 
ရင်နာအောင် တည်ရှိမဲ့အလွမ်းကိုပဲ
ကြင်နာစွာ ဆုပ်ကိုင်ခွင့်ပြုပါ .. ။
April
03.10.2011 (05:14 PM) Mon
