ပုံရိပ်
တော်သေးတာပေါ့ .. သူ မရောက်သေးလို့  နာရီလေးကြည့်၍ အမောတစ်ချက်ဖြေကာ  သူ့ ကိုစောင့်နေမိသည်။ ၁၂ နာရီချိန်းထားပြီး ခုထိရောက်မလာသေး။ ရုတ်တရက် အထိအတွေ့ ကြောင့် ကျွှန်မလန့် လို့ သွားသည်။ သူက ကျွှန်မလန့် ပုံကိုကြည့်ကာ တခွီးခွီးနှင့် တစ်ယောက်ထဲ အားရပါးရ ရယ်နေသည်။ အစကတော့ သူ့ ကို စိတ်ဆိုးမယ်လို့  မျက်နှာကို စူပုပ်လိုက်ပေမဲ့ သူရဲ့ အပြုံးတွေ အရယ်တွေ အောက်မှာပင် ကျွှန်မလည်း သူနဲ့  အတူတူလိုက်ရယ်မိတော့သည်။ ထို့ နောက် သူက ကျွှန်မကို သူ နောက်ကျရသည့် ဆင်ခြေများကို တစ်ခုခုပြီးစပေးသည်။ ကျွှန်မနဲ့ ချိန်းတိုင်း အမြဲတမ်း နောက်ကျတတ်တဲ့ သူ့ ကြောင့် ကျွှန်မမှာ စိတ်ဆိုးရပေါင်းလည်းများလှပြီ။ သို့ သော် သူ ဆင်ခြေတွေပေးတိုင်းလည်း ခွှင့်လွှတ်မိပြန်သေးသည်။ ဘယ်လောက်ပဲ တင်းထားတင်းထား သူနဲ့ တွေ့ ရင် အမြဲတမ်း အလျှော့ပေးမိသည့် ကျွှန်မကိုယ်ကျွှန်မ တစ်ခါတစ်လေမှာတော့ မုန်းမိသည်။
“အခု ဘယ်သွားကြမလဲ”
“အင်း သိဘူးလေ .. ၁၂ ကျော်ပြီဆိုတော့ တစ်ခုခု အရင်သွားစားရအောင် ” ကျွှန်မ၏စကားကို သူကလည်း ထောက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။ ထို့ နောက် ကျွှန်မတို့ နှစ်ယောက် အေးအေးဆေးဆေးရှိသည့် ဆိုင်တစ်ဆိုင်ကို ရွေးထိုင်ကာ စားစရာများမှာစားကြသည်။ စားစရာများ စောင့်နေချိန်တွင် သူက ..
“ဘယ်မှာလဲ .. လက်ဆောင်”
“အမ် .. ဘာလက်ဆောင်လဲ .. ”
“မွေးနေ့ လက်ဆောင်ပေါ့ .. ”
“ပေးစရာလို လို့ လား .. သမီးရည်းစား အချင်းချင်း”
“အမ် .. သမီးရည်းစားဆိုရင် မပေးရဘူးလား”
“သိဘူးလေ .. ဒီနေ့  သူနဲ့  တစ်နေကုန်နေပေးမှာ  ..  အဲဒါ .. အကောင်းဆုံးလက်ဆောင်ပေါ့ .. ဘာထပ်လိုချင်သေးတာလဲ” ကျွှန်မ နှုတ်ခမ်းစူကာပြောတော့ သူက ရယ်ကာ
“ဟုတ်ပါပြီဗျာ .. ခင်ဗျားလေးက ကျွှန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ပါ .. ဟုတ်ပြီလား”
“ခစ် ခစ် .. ” ကျွှန်မ သဘောကျစွာ ရယ်မိတော့သည်။ တစ်ခါတစ်ခါ သူရဲ့ ဘာမှမဟုတ်တဲ့ စကားတစ်ခွန်းဟာ ကျွှန်မအတွက်တော့ အရမ်းကိုလှပတတ်သည်။ စားလိုက် ပြောလိုက် ရယ်လိုက်ကြနဲ့  .. ဆိုင်လေးတစ်ခုလုံး ကျွှန်မတို့  အပျော်များဖြင့် ပြည့်နှက်နေတော့သည်။ 
စားလို့ ပြီးသည့်အချိန်မှာတော့ ..
“အခု ဘာလုပ်ဦးမှာလဲ” သူ့ အမေးကို ကျွှန်မ တစ်ချက်စဉ်းစားကာ
“အင်း .. ဒီနားမှာ shopping center အသစ်ဖွင့်တယ်လို့ ပြောတယ် .. အဲဒီကို .. သွားကြည့်ရအောင်လေ ..ဘယ်လိုလဲ”
“အင်း … ကောင်းသားပဲ”
“အင်း .. နီးနီးလေးဆိုတော့ လမ်းပဲလျှောက်ရအောင်နော်” ကျွှန်မသူ့ လက်မောင်းကို အသာလေးဖက်ကာ ပြောတော့ သူက ကျွှန်မခေါင်းကို ဖွဖွလေး ခေါက်ကာ ကြင်ကြင်နာနာ ပြန်၍ ပြုံးကာ ခေါင်းငြိမ့်ပြသည်။
သူရဲ့ လက်ဖဝါးကအကြီးကြီး ..  ကျွှန်မလက်ဖဝါးတစ်ခုလုံးကို လုံလောက်အောင် ဖုံးအုပ်ထားနိုင်သည်။ လက်ဖဝါးပြင် သိပ်မနူးညံ့သော်လည်း ကြမ်းကြမ်းကြီးမဟုတ်ချေ။ လက်ချောင်းကလေးများက ရှည်ရှည်သွယ်သွယ်နှင့် မွေးညှင်းလေးများပေါက်နေသော သူရဲ့ လက်ကလေးကို ကျွှန်မအရမ်းမြတ်နိုးသည်။ အထူးသဖြင့် သူ့ ရဲ့လက်သည်းများက တိုတို တုပ်တုပ်မဟုတ်ဘဲ ရှည်ရှည် လေးတွေဖြစ်သည်။ လက်မောင်းကို ကိုင်ထားရာကနေ ကျွှန်မသူ့ လက်ချောင်းလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်သည်။ ထို့ နောက်တိုးတိုးလေး .. ထာဝရ ဒီလက်ကလေးရဲ့ ပိုင်ရှင်ဖြစ်ရပါစေသား .. ဆုတောင်းမိသည်။
ကိုယ်ချစ်တဲ့သူရဲ့ လက်ကိုကိုင်ပြီး ဘေးချင်းယှဉ်လျှောက်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ တိုက်ခတ်လာသော လေပြည်ကြောင့် ဆံပင်စများ သပ်ကာ သူ့ ကို ကြည့်မိသည်။ သူကတော့ အေးဆေး စွာဖြင့် တစ်လှမ်းခြင်းစီ တည့်တည့်မတ်မတ် လျှောက်လှမ်းနေသည်။ အမြဲတမ်း ကလေးငယ်တစ်ယောက်လို ရယ်မောကာ နောက်ပြောင်နေတတ်ပေမဲ့ တစ်ခါတစ်ခါမှာတော့ လူကြီးတစ်ယောက်လို တည်ငြိမ်စွာ သူနေတတ်သေးသည်။ သူ ဘယ်လိုပဲ နေပါစေ ကျွှန်မကတော့ သူ့ ရဲ့ အရာရာတိုင်းကို မြတ်နိုးမိတာကတော့ အမှန်ပင်။
Shopping Center ရောက်တာ့ ဟိုဆိုင်ဝင် ဒီဆိုင်ဝင် ကြည့်တတ်သော ကျွှန်မ၏ အနောက်သို့  မညီးမညူ သူ တကောက်ကောက်လိုက်ပေးတတ်သည်။ ဘာဝယ်ရမှန်း ဝေခွဲမရတိုင်း ကျွှန်မ ကိုယ်စား ဆုံးဖြတ်ပေးတတ်သေးသည်။ ကျွှန်မ သူငယ်ချင်းများတောင် စိတ်မရှည်သော ကျွှန်မကို သူကတော့ စိတ်ရှည်လက်ရှည် နှင့် အပြုံးမပျက် စောင့်ပေးသည်။
“ဝါး ~~ … သော့ချိတ်လေးတွေ .. အရမ်းလှတာပဲ ..”
“လိုချင်လို့ လား .. ”
“အင်း .. ” ကျွှန်မ ခေါင်းကို ဆက်တိုက်ငြိမ့်ပြလိုက်သည်။
“ဒါဆိုလည်း  .. စုံတွဲ သော့ချိတ်ဝယ်တာပေါ့ .. ”
“တကယ် .. ”
“ဒါပေါ့ .. ကြိုက်တာရွေးလေ .. မွေးနေ့ မှာ .. ချစ်တဲ့သူနဲ့  အမှတ်တရ ပေါ့” ကျွှန်မသူ့ ကို စိုက်ကြည့်နေမိသည်။ ထို့ နောက် အဘိုးကြီးနှင့် အဘွားကြီးပုံ လေးတွေနဲ့  သော့ချိတ်လေးကို ကျွှန်မ ရွေးလိုက်သည်။ နောက် သူ့ ကို အဘွားကြီးပုံပေးပြီး အဘိုးကြီးသော့ချိတ်လေးကိုတော့ ကျွှန်မ ဖုန်းလေးမှာ ချက်ချင်းချိတ်ထားလိုက်သည်။ ချိတ်ချိတ်ပြီးချင်း ဖုန်းလေးကို လှုပ်ကာ သူ့ ကိုပြတော့ သူရယ်မောကာ ကျွှန်မ ခေါင်းကို အသာပုတ်လိုက်သည်။
“ပျော်လား .. ” သူ ကျွှန်မကို မေးတော့ ..
“အင်း .. ပျော်တယ် …. အရမ်းပဲ” ကျွှန်မ ပြုံးကာဖြေလိုက်သည်။
“အင်း .. တစ်ခြားဘာ ဝယ်ဖို့  ရှိသေးလဲ .. ဝယ်စရာမရှိရင် .. သွားကြရအောင်လေ .. ညနေ သွယ့်ကို မွေးနေ့ ကျွှေးမယ်လို့  ချိန်းထားတာရှိသေးတယ် ..”
“တစ်ခြားလူမှမဟုတ်တာ .. နည်းနည်းနောက်ကျလည်း .. ကိစ္စမရှိပါဘူး”  ကျွှန်မပြောတော့ သူက ..
“အင်း .. ဟုတ်လည်းဟုတ်သားပဲ ..  ” ဆိုပြီး .. ကျွှန်မတို့ နှစ်ယောက် ရယ်မိကြသည်။
ကုန်တိုက် တစ်ခုလုံးလည်းပတ်ပြီးပြီ။ သွယ်လည်း ဒီချိန်လောက်ဆို စောင့်နေရောပေါ့ဆိုပြီး ကျွှန်မတို့ နှစ်ယောက် ချိန်းထားသည့်နေရာသို့  ထွက်လာခဲ့ကြသည်။ ကိုင်တွယ်ထားသော လက်ကလေးတစ်စုံက အခုချိန်မှတော့ ရေးတဝါးဝါး .. အိပ်မက်လား … စိတ်ကူးလား .. ဒါမှမဟုတ် .. ဆန္ဒတွေလား .. ဘာမှန်းမသိတဲ့ အရာတစ်ခုကို ပိုက်ပြီး နေလာတာ ကျွှန်မ ဘယ်လောက်ကြာသွားခဲ့ပြီလဲ .. ။
ဘယ်သူမှရောက်ပုံမပေါ်သေး .. ခုံတန်းလေးပေါ်တွင် ထိုင်ကာ .. ကျွှန်မရယ် .. သွယ်ရယ် .. သူ့ အကြောင်းကို စဉ်းစားမိသည်။ ကျွှန်မတို့  သုံးယောက် ငယ်ငယ်လေးကတည်းက အတူတူတွဲလာခဲ့ကြသလို အချစ်ဆုံး သူငယ်ချင်းများလည်းဖြစ်ခဲ့ကြသည်။ ဒါပေမဲ့ …
“နွေး .. ရောက်တာကြာပြီလား .. ” သွယ့်ရဲ့ အသံကြောင့် ကျွှန်မ နောက်လှည့်ကြည့်မိသည်။ ထို့ နောက် ပြုံးကာ ..
“ဟင့်အင်း .. မကြာသေးပါဘူး .. ခုပဲရောက်တာ”
“ငါ နင့်အိမ်ဖုန်းဆက်သေးတယ် .. နင် မနက်အစောကြီးကတည်းက ထွက်သွားတယ်တဲ့ .. ဘယ်သွားတာလဲ မိန်းမပြောချမ်း … ပြောချမ်း ..  ” မပီကလာ ပီကလာ ပြောနေသော သွယ့်ကိုကြည့်ပြီး ကျွှန်မရော သူရော နှစ်ယောက်စလုံးရယ်မိသည်။
“ငါဝယ်စရာရှိလို့  .. ပြီးတော့ shopping လည်းပတ်ရင်းပေါ့ .. ” ကျွှန်မဖြေကာ .. သူ့ ကိုကြည့်လိုက်မိသည်။ သူကတော့ ဖြူစင်သော မျက်လုံးများဖြင့် ကျွှန်မကို ပြန်လည်၍ကြည့်သည်။
“တစ်ယောက်ထဲလား .. ” သွယ့်အမေးကို
“အင်းပေါ့ .. တစ်ယောက်ထဲပေါ့ .. မဟုတ်လို့  .. နင်တို့ လို နှစ်ယောက်လို့ ထင်နေလား.. ” ကျွှန်မ ပြောတော့ သူတို့  နှစ်ယောက်ရှက်ကိုးရှက်ကန်းနှင့် ရယ်ကြသည်။ ထို့ နောက် သွယ်က စကားလွှဲကာ  ..
“တော်သေးတာပေါ့ .. ငါက နင် အကြာကြီးစောင့်နေရတယ်မှတ်တာ .. စော်ရီးဟာ .. ငါ နဲ့  သီဟ လည်း.. shopping ပတ်တာကြာသွားလို့ ” တစ်ယောက် လက် တစ်ယောက်ကိုင်ကာ ရပ်နေသော သွယ်နဲ့ သူ့ ကို ကျွှန်မကြည့်ကာ  အိတ်ကလေးထဲမှ လက်ဆောင်ဘူးလေးနဲ့  သော့ချိတ်လေးကို တင်းတင်း ဆုပ်ကိုင်ရင်း  …
“အင်း .. ရပါတယ် .. ကိစ္စမရှိပါဘူး .. နင်တို့ နှစ်ယောက် ပျော်ရင်ပြီးတာပါပဲရှင် ..  ” ရယ်မောကာ ကျွှန်မ ပြောလိုက်သော်လည်း ကွဲအက်နေသော ကျွှန်မ၏အသံကို ကျွှန်မတစ်ယောက်သာ နားလည်မည်ဖြစ်သည်။
3 comments:
ဘရဏီ said...
ဖတ်လို့ အရမ်းကောင်းပါတယ်။ဝတ္ထုတို တွေဆက်ရေးပါအုံး။စောင့် ဖတ်နေမှာပါ။
သြချိ said...
မိုက်တယ်း)
April said...
barbielay --> ကျေးဇူးပါ .. ^^
မသြချိ --> စာလာဖတ်ပေးသွားတဲ့အတွက်ရော မန့် မန့် အတွက်ပါ ကျေးဇူး .. ^^
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်