ပိုင် - ဆိုင်သူ
“ပိုင်” ဆိုတဲ့ စာလုံးလေးတစ်လုံးပါဖို့  ... .
နားလည်မှုတွေထွေးပိုက်ကာ စောင့်နေခဲ့ဘူးတယ်
မောင် .. 
စောင့်စားနေသူတွေအတွက်
အချိန်ဆိုတာ ဖြေဆေးဆိုရင် 
ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။ 
April
16.11.2011 (2:03 AM )
11 comments:
camomilla said...
တိုက်ဆိုင်လိုက်တာ....
ခံစားသွားပါတယ်
ချောကလက်ကျူးပစ်လေး said...
တိုတိုလေးနဲ့ထိမိပါတယ်..
ခံစားသွားပါတယ်ခင်ဗျာ
April said...
မcamomilla --> ခံစားပေးသွားတဲ့အတွက်ကျေးဇူးပါ .. မ ^^
ချောကလတ် ကျူးပစ်လေး --> ကျေးဇူးပါ .. အချိန်ပေးပြီးဖတ်ပေးသွားတဲ့အတွက် .. ^^
မောင်မောင် said...
ရင်ဘက်နဲ. ခံစားသွားပါတယ်။ တစ်ကယ်ကိုကောင်းပါတယ်။ ခေါင်းစဉ်လေးကို က ကောင်းနေတယ်။
ခင်မင်စွာဖြင်.
မောင်မောင်
လမင်းငယ် said...
ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။ အရမ်းကြိုက်တယ်စာသားလေးကို
ခံစားအားပေးသွားပါတယ်
စံပယ်ချို said...
အချိန်ဆိုတာဖြေဆေးလဲဟုတ်သလို
သမားတော်လဲ ဟုတ်တယ်နော်
ခင်ခင်မင်မင်jasmine
လွင်ပြင်လှိုင်းငယ် said...
ကဗျာကောင်းလေး ခံစားရင်း အမြဲတမ်း အားပေးလျက်
wa lay said...
လန်းတယ်။။။။။။တိုတယ်.....ထိတယ်၊၊၊၊၊၊၊၊၊ သဲရေ....
အားပေးသွားတယ်....:D
ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။
ကိုတူး said...
သိပ်သိပ်ချစ်တယ်ဆိုတဲ့ အဖြေလေးပဲ ဖြစ်မှာပါ ...
mstint said...
ဆိုင်သာဆိုင်ပြီး မပိုင်သေးသမျှ ကာလပတ်လုံး အရာရာဟာအစိုးမရဘူး April ရေ။ ပြတ်သားတဲ့အဖြေတစ်ခုလိုအပ်တာ အသေအချာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မဒမ်ကိုး said...
အမြန်ဆုံးပိုင်ဆိုင်သူ ဖြစ်ပါစေ
ခင်မင်လျှက်
မဒိုးကန်
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်