အမှတ်တရ မွေးနေ့ 
ယခုခေတ်စားလာသော chatting များကြောင့် သူငယ်ချင်းအပေါင်းအသင်းဆိုသည်မှာ မှိုပေါက်သလိုပင်။ online မှာခင်ကျ အပြင်မှာတွေ့ ကျနှင့် ကျွန်မထံတွင်လည်း သူငယ်ချင်းတော်တော်များများရှိလာခဲ့သည်။ ရုပ်မမြင် အသံမကြားရပေမဲ့လည်း နေ့ တိုင်းနီးပါး စကားလုံးများဖြင့် ရင်းနှီးခဲ့သောကြောင့် အပြင်မှာတွေ့ ကြလျှင်လည်း တစ်ယောက်နဲ့တစ်ယောက် သိပ်မစိမ်းကြချေ။ ကျွန်မ သူနှင့် တွေ့ ဆုံခဲ့သည်မှာလည်း chatting ထဲမှာပင်ဖြစ်သည်။
သူသည် ပုံဆွဲ တော်သူတစ်ဦးဖြစ်သည်။ သူဆွဲသည့်ပုံတော်တော်များကို သူ၏ ဘလော့ဒ် တွင်တင်ထားလေ့ရှိသည်။ ထိုနေ့ က ကျောင်း project အတွက် ဓာတ်ပုံများရှာရင်း သူရဲ့ ဘလော့ဒ်လေးကို သိခဲ့ခြင်းဖြစ်သည်။ မိုးရွာထဲတွင် မတ်တပ်ရပ်ကာ ကောင်းကင်သို့  ကြည့်နေသော ကောင်လေးတစ်ယောက်၏ ပုံကိုသူဆွဲထားသည်မှာ အသက်ဝင်လှသည်။ ထိုကောင်လေး၏ မျက်လုံးများသည် ကောင်းကင်ကြီးအား “နင်ဘယ်လောက်ကြာကြာရွာနိုင်မလဲ .. ငါပဲဘယ်လောက်ကြာကြာရပ်နိုင်မလဲ” စိမ်ခေါ်သကဲ့သို့  တောက်ပနေသည်။ သို့ သော် ထူးခြားသည်မှာ ထိုပုံထဲက ကောင်လေးတွင် ……….
ထိုပုံလေးကိုကြည့်ပြီးနောက် ကျွန်မတစ်ချက်ပြုံးကာ ချက်ချင်း သူ၏ဘလော့ဒ်ကို ကျွန်မမွှေတော့သည်။ နောက်သူ၏ profile တွင် သူ၏ MSN ကိုတွေ့ တော့ ကျွန်မချက်ချင်းလက်ငင်း သူ့ ကို add လိုက်သည်။ ညဘက် အိမ်ပြန်ရောက်ချိန်တွင် ကွန်ပြူတာလေးဖွင့်ကာ သူငယ်ချင်းများနှင့် စကားပြောနေချိန်တွင် သူ့  account လေးသည် မီးလင်းလာသည်။ ထို့ နောက် သူက စ၍ ကျွန်မကို “hi” ဟုလာနှုတ်ဆက်သည်။ နောက် ကျွန်မက သူရဲ့ ပုံကလေးကိုတွေ့ ပြီး သဘောကျသဖြင့် သူ့ ကို add မိကြောင်း သူကလည်း သူရဲ့ပုံကို သဘောကျလို့ ကျေးဇူးတင်ကြောင်းပြောပြီး ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရင်းနှီးမှုစခဲ့ကြသည်။ တစ်ရက်တစ်ရက်နှင့် ရင်းနှီးခဲ့သော ကျွန်မတို့ နှစ်ယောက် တစ်လလောက်အကြာတွင် ဖုံးနံပါတ်လဲလှယ်ခဲ့ကြသည်။ ကျွန်မက သူ့ ဟန်းဖုန်းနံပါတ်တောင်းတော့ သူကဖုန်းမကိုင်ကြောင်း အိမ်ဖုန်းသာရှိကြောင်းပြောချိန်တွင် ကျွန်မတော်တော်အံ့သြသွားခဲ့သည်။ ၁၀ နှစ် ၁၁ နှစ်ကလေးတွေတောင်မှ ဖုန်းတစ်လုံးဆီအနည်းဆုံးရှိကြသည့် ဒီအချိန်တွင် သူက ဖုန်းမကိုင်ဘူးဆိုတော့ သူ ကျွန်မကိုနောက်နေသည်ဟုသာ ကျွန်မသတ်မှတ်ခဲ့သည်။
ကျွန်မသည် ကိုယ်တိုင်ပုံမဆွဲတတ်သော်လည်း ပုံဆွဲတတ်သူများကို တကယ်အားကျမိသည်။ ဘာမျှမရှိသည့် ဗလာပေါ်တွင် အသက်ဝင်အောင်ရေးဆွဲနိုင်သည်မှာ တော်ရုံ အရည်အချင်းမဟုတ်ဟု သတ်မှတ်သည်။ ဝတ္ထုစာအုပ်များထက် ကာတွန်းများသာပိုစိတ်ဝင်စားသော ကျွန်မ့အတွက် သူသည်တစ်ခါတစ်လေ ကျွန်မကြိုက်သည့် ကာတွန်းဇာတ်ကောင်များကို ဆွဲ၍ပို့ ပေးတတ်သည်။ ကျွန်မ၏ ကွန်ပြူတာ နောက်ခံများ နှင့် ဘလော့ဒ် နောက်ခံများကိုလည်း သူကပင်ဒိုင်ခံဆွဲပေးသည်။ တစ်ခါတစ်လေ ကျွန်မသူ့ ကို “အားကျလိုက်တာ .. ငါလည်းနင့်လိုမျိုးဖြစ်ချင်လိုက်တာ” ပြောတိုင်း သူက ကျွန်မကို “ငါ့လိုမျိုး မဖြစ်ချင်ပါနဲ့ ဟာ .. ” ဆိုပြီး ခဏခဏ ပြောတတ်သည်။ အဲလို အချိန်မျိုးတွင် ကျွန်မသည် သူ့ ကို “ကပ်စီးနည်းလိုက်တာ … သူများတော်မှာ မနာလိုဘူးပေါ့” ရွဲ့ ကာအမြဲပြောတိုင်း သူ့ ဘက်က နှုတ်ဆိတ်မှုကိုသာ ကျွန်မ အမြဲတမ်းရခဲ့သည်။ ထို့ ကြောင့် တစ်ခါတစ်လေ ကျွန်မသူ့ ကို မာနကြီးသူဟု သတ်မှတ်လေ့ရှိသည်။
ထိုနေ့ က ကျွန်မမွေးနေ့  မုန့် ကျွှေးရန်သူ့ ကိုချိန်းဆိုခဲ့သည်။ အစက သူငြင်းဆိုပေမဲ့ ခဏခဏ ကျွန်မ၏ တောင်းဆိုမှုကြောင့် သူလက်ခံခဲ့သည်။ မွေးနေ့ မတိုင်ခင် ညဘက်က သူ ကျွန်မဆီ ဖုန်းဆက်ကာ “ ငါ .. နင့်ဆီလာရင် နင်စိတ်ပျက်သွားလိမ့်မယ် .. နင်တကယ် ငါ့ကိုလာစေချင်လား .. နင့်သူငယ်ချင်းတွေ ဝိုင်းလှောင်မှာ မကြောက်ဘူးလား” ပြောတော့ ကျွန်မ ရယ်ကာ “ အံမယ် .. သူကပဲ ပြောရတယ်ရှိသေးတယ် .. နင်သာ စိတ်မပျက်သွားဖို့  အရေးကြီးတယ် .. ငါတို့ တွေက အစအနောက်သန်တာကလွဲလို့  အကုန်လုံးသဘောကောင်းပါတယ်ဟ .. နင် ပူမနေနဲ့  .. ရောက်အောင်သာ လာခဲ့ .. ဟုတ်ပြီလား” ပြောတော့ သူ့ ဘက်က “ အင်း ..” တစ်လုံးထဲသာ ပြော၍ ဖုန်းချသွားခဲ့သည်။ ထိုနေ့ ညက ကျွန်မတော်တော်နှင့် အိပ်မပျော်ချေ။
“ဒါ  .. ငါ့ နင့်အတွက်ပေးတဲ့ မွေးနေ့ လက်ဆောင် .. ပျော်ရွှင်ပါစေ … ငါမနှောင့်ယှက်တော့ဘူး” ဆိုပြီးလှည့်ထွက်သွားသော သူ့ ကျောပြင်ကို ကျွန်မကြောင်ကာ ရပ်ကြည့်နေဆဲ နောက် သူပေးခဲ့သော ဘူးလေး အဖုံးကို ဖွင့်ကြည့်တော့ အထဲတွင် စာရွက်တစ်ရွက် … ပုံဆွဲထားသော ပန်းချီစာရွက်တစ်ရွက် .. အပြင်သို့ ထုတ်ကာ ကျွန်မဖြန့် ကြည့်လိုက်မိသည်။ နောက် သူ့ ထွက်သွားရာဆီသို့  ကျွန်မအပြေးလိုက်သွားမိတော့သည်။ ကျွန်မ ကံကောင်းပါသည်။ မှတ်တိုင်တွင် ကားစောင့်နေသော သူ့ ကို ကျွန်မပြုံးကာ “ မွေးနေ့ ကိတ်မစားဘဲနဲ့  .. ပြန်တော့မလို့ လား .. ဒါဆိုရင်တော့ သူငယ်ချင်းမပီသဘူးနော်” ပြောတော့ သူ ကျွန်မကိုကြည့်ပြီး ခေါင်းအသာလေးငုံ့ သွားသည်။ ကျွန်မသူ့ ဘေးနားတွင် ဝင်ထိုင်ကာ “တောင်းပန်ပါတယ်” ပြောတော့ သူ ကျွန်မကို လှမ်းကြည့်ပြီး ခေါင်းခါပြသည်။ နောက် သူက “နင် ငါ့ကိုခေါ်သွားရင် နင့်သူငယ်ချင်းတွေ နင့်ကိုဝိုင်းလှောင်ကြလိမ့်မယ် .. ” ပြောတော့ ကျွန်မသူ့ ပခုံးကို ဖက်ကာ “ ငါဂရုမစိုက်ဘူး” ကျွန်မပြောတော့ သူပြုံးကာ ကျွန်မကိုကြည့်သည်။ နောက် ကျွန်မတို့ နှစ်ယောက် မွေးနေ့ ပွဲလေးရှိရာသို့  ..။ ထိုနှစ်က မွေးနေ့ လေးသည် ကျွန်မ့အတွက် အလှပဆုံးနှင့် မမေ့နိုင်သော မွေးနေ့ လေးတစ်ခုဖြစ်ခဲ့သည်။
ကျွန်မတို့ ပတ်ဝန်းကျင်တွင် ကိုယ်လက်အဂါင်္မပြည့်စုံသော လူများစွာရှိပါသည်။ တစ်ချို့ က မတော်တဆ တစ်ခုခုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းဖြတ်တောက်ခံလိုက်ရတာမျိုးရှိသလို အချို့ မှာတော့ မွေးရာပါ ကိုယ်အဂါင်္ချို့ ယွင်းမှုကြောင့်ဖြစ်သည်။ သို့ သော် သူတို့ သည် လောကကြီးကို အရှုံးမပေးခဲ့ကြချေ။ သူတို့ ထံတွင် ကျွန်မတို့ ထက် ရင့်ကျက်သောစိတ်ဓာတ်များနှင့် ခိုင်မာသောဆုံးဖြတ်ချက်များရှိနေခဲ့သည်။ စွမ်း သည်လည်း မွေးဖွားစဉ်ကတည်းက တံတောင်ထိသာ လက်ကလေးများပါခဲ့သော်လည်း သူသည် ပုံဆွဲဝါသနာပါသူတစ်ဦးဖြစ်သည်။ ကျွန်မတို့ လွယ်လွယ်ကူကူနှင့် လက်ကလေးများလှုပ်ရှားကာ ရေးခြစ်နေသည့်အချိန်တွင် စွမ်းကတော့ ပါးစပ်ဖြင့် ခဲတံကိုကိုက်ကာ ခက်ခက်ခဲခဲကြိုးစားခဲ့သည်။ သို့ သော် သူသည် သူ၏ရည်မှန်းချက်ကို အလျှော့မပေးခဲ့။ တစ်နေ့  နာမည်ကြီး ပန်းချီဆရာတစ်ယောက်ဖြစ်လာရမည်ဆိုသည့် ဇွဲဖြင့် ကြိုးစားနေသော စွမ်းနှင့် ယှဉ်လျှင် ကျွန်မသည် အများကြီးကြိုးစားဖို့ လိုပါသေးသည်။ စတွေ့ စဉ်မှာ စကားတစ်ခွန်းတောင် မပြောနိုင်လောက်အောင် စွံအခဲ့သော ကျွန်မကိုယ် ကျွန်မလည်း အပြစ်တင်လို့ မဆုံးဖြစ်ခဲ့သည်။ စွမ်းနှင့် တွေ့ တိုင်း “ဟဲ့ .. ငါနင့်ကို အားနာလိုက်တာ .. နင်နဲ့ စတွေ့ တုန်းက .. ငါဘာမှမပြောနိုင်ဘူး” ကျွန်မ ပြောတိုင်း သူရယ်ကာ “ရပါတယ်ဟာ .. နင်မှ မဟုတ်ပါဘူး .. တစ်ခြားလူဆိုလည်း နင့်လိုပဲဖြစ်မှာပဲ” ပြောတော့ ကျွန်မသူ့ ကို စိတ်ထဲတွင် အမြဲတောင်းပန်မိခဲ့သည်။ စွမ်းကဲ့သို့  အရာရာကို အကောင်းမြင်ပြီး ဘဝကိုအရှုံးမပေးသည့် လူတစ်ယောက်နှင့် တွေ့ ခွင့်ပေးခဲ့သည့် ကံကြမ္မာအတွက်ကိုတော့ ကျွန်မ အမြဲကျေးဇူးတင်မိသည်။ ယခုအချိန်တွင် စွမ်းကြောင့် ကျွန်မသည် အနည်းငယ်ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ စုတ်တံကို ပါးစပ်ဖြင့်ကိုက်ကာ ပုံဆွဲနေသော စွမ်းကို ကျွန်မကြည့်ပြီး “ နင် .. အရမ်းတော်တာပဲ .. ” တိုးတိုးလေး ပြောလိုက်သည်။ စွမ်းကတော့ သူ၏ ပန်းချီထဲသို့ စိတ်နှစ်စွာ .. ။
အခန်းထဲတွင် စွမ်း မွေးနေ့ လက်ဆောင်ပေးခဲ့သော် ပုံလေးကိုဘောင်သွင်းကာ ကျွန်မ၏ ခုတင်ခေါင်းရင်းတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုပုံထဲတွင် ကောင်လေးတစ်ယောက် မိုးရွာထဲတွင် ကောင်းကင်ကြီးကိုကြည့်ပြီး မတ်တပ်ရပ်နေသည်။ သို့ သော် ထိုကောင်ကလေးတွင် လက်ကလေးများသည် တံတောင်ထိသာ ..... ။
April
14.08.2011 (8:44 PM)
4 comments:
KMC@ချင်းလေး said...
စာရေးတာပြေပြစ်ပါတယ်ဗျာ..အားပေးပါတယ်..။ ဝတ္ထုတိုလေးတွေကိုနှစ်သက်လို့ပါ။အောင်မြင်ပါစေ လို့ဆုတောင်းပေးပါရစေနော်...(ခင်မင်စွာဖြင့်..ချင်းကလေး)
ကိုထွဋ် said...
ကောင်းတယ်ဗျာ...ကျနော်တို့က ဝတ္ထုတိုမရေးတတ်တော့ အဲလိုပဲ လိုက်ဖတ်နေရတယ်ဗျ..
ကျနော်ဆီလဲလာလည်ပါဗျာ..း)
စွမ်းထွဋ်
mstint said...
ဖတ်ရင်းနဲ့ ကွက်ကွက်ကွင်းကွင်း ပုံဖော်နေမိတယ်။
လူသားအားလုံးမှာ ကိုယ်ချင်းစာတရားလေးတွေနဲ့ ချစ်ခင် သနား စာနာမှု စိတ်ဓါတ်အရင်းခံလေးတွေရှိသင့်သလို အဲဒီစိတ်ဓါတ်လေးတွေဟာ ချစ်စရာအလွန်ကောင်းပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
April said...
ကိုချင်းကလေး --> အခုလိုဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ .. အားပေးမှုအတွက်လည်း ဝမ်းသာမိပါအိ ^^
ကိုစွမ်းထွဋ် --> လာအားပေးသွားတဲ့အတွက် ကျေးဇူးပါရှင် .. ^^
အန်တီတင့် --> ဟုတ်ကဲ့ .. ဝတ္ထုတိုလေးကို အချိန်ယူပြီးဖတ်ပေးသွားတဲ့အတွက်ရော မန့် မန့် အတွက်ပါ ကျေးဇူးတင်မိပါအိ ..
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်