ဆုပ်ကိုင်မိသော အလင်းတန်းငယ်

“မေမေ ရေ .. သမီး .. ဒီတစ်ပတ် အဆင့် ၁ ရတယ်” ပြောရင်း မေမေ့ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။ မေမေက ကျွန်မ ပါးကို အသာနမ်းရှုံ့ ရင်း

“တော်လိုက်တာ .. မေ့သမီးလေး .. နောက်လတွေလည်း ဒီအတိုင်းပဲဖြစ်ရမယ်နော်” မေမေပြောတော့ ကျွန်မ ခေါင်းကို ဆက်ကာငြိမ့်လိုက်သည်။

မေမေသည် ကျွန်မအတွက် ကမ္ဘာပေါ်တွင် အရေးပါဆုံးသောလူသားတစ်ယောက်ဖြစ်သည်။ ကျွန်မချစ်သည်ဆိုသည့် အရာများထက် မေမေ့ကို ကျွန်မပိုလို့ ချစ်သည်။ ကျွန်မ ငယ်ငယ်လေးကတည်းက နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်သော ဖေဖေ့နေရာတွင် မေမေသည် အဖေလိုတစ်မျိုး အမေလိုတစ်မျိုး ကျွန်မတို့ ကို ထိန်းကျောင်းခဲ့သူ။ ငယ်စဉ်ကတည်းက ဝလုံးလေး ဝိုင်းဝိုင်းရေးတတ်ရန် ကျွန်မလက်ကလေးကိုကိုင်ကာ သင်ကြားပေးခဲ့သည်။ ကြီးလာသည့်အခါတွင်လည်း ကျွန်မဘေးတွင် ကျွန်မ မကျက်ချင်သည့် စာများကို ဝိုင်းကျက်ပေးပြီး မတွက်တက်သည့် သချာင်္ပုဒ်စာများကို သေသေချာချာရှင်းပြတတ်သူ။ မေမေသည် ကျွန်မတို့ ကို ဆက်ဆံရာတွင်လည်း “ငါက အမေ .. ငါပြောတာ နားထောင်ရမယ်” ဆိုသည့် စိတ်မျိုး မရှိ။ မေမေသည် သူမ ဖြစ်စေချင်သော ဆန္ဒကို ကျွန်မတို့ မောင်နှမ နှစ်ယောက်ကို နားလည်စွာပြောတတ်ပြီး ကျွန်မတို့  ဆန္ဒကို ဦးစားပေးတတ်သူလည်းဖြစ်သည်။


ကလေးများကို ဆုံးမရာတွင်လည်း ရိုက်နှက်ချင်းထက် နားဝင်အောင်ပြောဆိုမှုကိုသာလျှင် ပြုခဲ့သူဖြစ်သည်။ သူများတွေနှင့် ယှဉ်လျှင်လည်း နောက်ကျသည်မရှိအောင် အောက်ကျို့ သည်မရှိအောင် .. အရာရာကို ဖြည့်ဆည်းပေးတတ်သူလည်းဖြစ်သည်။ ထိုကဲ့သို့ သော ကျွန်မ့ မေမေသည် ကျွန်မ့အတွက်တော့ ဘာအရာမဆို စွမ်းဆောင်နိုင်သော တန်ခိုးရှင်ကြီးပမာပင်။ မေမေနှင့် ပတ်သက်ပြီး ကျွန်မ့တွင် အမှတ်တရပေါင်းများစွာရှိသည်။ ထိုနှစ်က ကျွန်မ လေးတန်းတက်ရမည့်နှစ်ဖြစ်သည်။ တက်ရမည့် ကျောင်းအသစ်လေးကိုကြည့်ပြီး ကျွန်မ မျက်ရည်များဝဲမိသည်။ ကျွန်မ ဒီကျောင်းတွင်မတက်ချင်။ ကျွန်မနှင့် သိသောသူများလည်းမရှိ။ ကျွန်မ ခင်သောသူငယ်ချင်းများနှင့် အရင်ကျောင်းဟောင်းတွင်ပဲ တက်ချင်သည်ဟု ဂျီကျကာ ပထမဆုံး ကျောင်းစတက်သည့်နေ့ တွင် အတန်းထဲမှ ထွက်ပြေးကာ အိမ်သို့  ပြန်ပြေးခဲ့သည်။ အိမ်နှင့်ကျောင်းမှာလည်း လမ်း နှစ်လမ်းလောက်သာခြားသည်မို့  ခဏလေးနှင့် ကျွန်မ ငိုယိုကာ အိမ်ပြန်ရောက်လာတော့သည်။ ကျွန်မကိုကျောင်းပို့ ပြီး အိမ်ထဲတောင်မရောက်သေးသော မေမေ ကျွန်မ့ကို တွေ့ တော့ လန့် ဖျန့် ကာ ချော့မော့ပြီး ကျောင်းသို့ ပြန်လိုက်ပို့ ပေးသည်။ သို့ သော် အတန်းထဲရောက်သည်နှင့် ဆီလို ရေလို အပေါက်ရှာပြီး ပြန်ပြန်ပြေးထွက်သော်ကြောင့် အတန်းပိုင်ဆရာမ မှာလည်း ထိန်းမနိုင်ဖြစ်ခဲ့သည်။ နောက်တော့ ဆရာမက ကျွန်မ့ကို ပြတင်းပေါက်ဘေးတွင်ထိုင်စေပြီး မေမေက ကျွန်မကျောင်းတက်ချိန်မှစပြီး ဆင်းသည်အထိ အောက်ကနေ ထီးတစ်ချောင်းဖြင့် အမြဲစောင့်ကာနေပေးသည်။ ကျွန်မငုံ့ ကြည့်တိုင်း ကျွန်မကို ပြုံးပြုံးပြတတ်သော မေမေ့ အပြုံးကြောင့် ကျွန်မ ကျောင်းခန်းထဲမှ ထွက်မပြေးတော့။ ထမင်းစားချိန်တွင် ကျောင်းအပေါက်ဝမှ ထမင်းခွံ့ ကျွေးတတ်သော မေမေ့ကြောင့် ကျွန်မကျောင်းတက်ရသော နေ့ ရက်များကိုပျော်လာတော့သည်။

ဒီလိုနှင့် ကျွန်မလေးတန်းပြီးသည့်အချိန်တွင်တော့ မေမေသည် အကောင်းဆုံးဟုသည့် ကျောင်းတွင် ကျွန်မကိုထားခဲ့သည်။ ဒီတစ်ခါသွားတက်သောကျောင်းမှာ အိမ်နှင့်ဝေးသည်။ ကျောင်းကားနှင့်သွားရသောကြောင့် ကျွန်မအိမ်ပြန်ပြေးလို့ မရတော့ချေ။ သို့ သော် ကျွန်မကျောင်းအသစ်တွင်ပျော်ရွှင်မိသည်။ ကျွန်မ ကျောင်းတက်ရတာ ပျော်သည်ကို မေမေသိတော့ မေမေ့မျက်နှာလည်း ရွှင်လန်းနေသည်။ မနက် ၁၀နာရီခွဲ ဆိုကျောင်းကားလာပြီး ညနေ ၅နာရီဆို ပုံမှန်အိမ်ပြန်ရောက်တတ်သော ကျွန်မကို တစ်ရက်လေးမှ မပြတ် အိမ်ရှေ့ တွင် နေ့ တိုင်း မေမေ စောင့်ကာကြိုခဲ့သည်။ ကျွန်မ အတန်းအနည်းငယ်ကြီးလာသည့်အခါတွင်လည်း အကောင်းဆုံးဆရာတွေသင်သည့် ဝိုင်းကိုထားပေးခဲ့သည်။ ကျွန်မနှင့် ပေါင်းသော အပေါင်းအသင်းများနှင့်လည်း မေမေသည် အံဝင်ခွင်ကျဖြစ်အောင် သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ပေါင်းသင်းခဲ့သည်။ ကျွန်မတို့ မောင်နှမ နှစ်ယောက်အတွက်ဆိုလျှင် မေမေသည် မည်သည့်အရာမဆို ကျော်လွှားဖို့  ဝန်မလေးသောသူဖြစ်သည်။

ကျွန်မ နေမကောင်းဖြစ်သည့်အချိန်များတွင်လည်း ဘေးတွင် နေ့ မအိပ်ညမအိပ် စောင့်ရှောက်တတ်သူဖြစ်သည်။ ဆေးခါးခါးသောက်ရမှာ မုန်းတဲ့ကျွန်မကို မေမေသည် .. အမြဲလိုလို .. မန်းမှုတ်ကာ .. ဆေးတိုက်လေ့ရှိသူလည်းဖြစ်သည်။ “ဘုရားဆေး .. တရားဆေး .. သံဃာဆေး .. ငါ့သမီးလေးရောဂါတွေပျောက် .. ဆေးခါးခါးချိုစေ” ဆိုပြီး ဆေးလုံးများကို ကျွန်မ့လက်ထဲ သို့ ထည့်ကာ တိုက်တဲ့သူဖြစ်သည်။ ဆေးသောက်ပြီးရင်လည်း စားရန် ဘီစကွက်ကလေးများကိုဆောင်ထားကာ ကျွေးတတ်သူဖြစ်သည်။

အတိတ်က အကြောင်းအရာများကို စဉ်းစားရင်း ကျွန်မ မျက်ရည်များစို့ လာသည်။ ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်ပြီး တထွေးမြိုချလိုက်သည့်အချိန်တွင်တော့ ကျွန်မ လည်ချောင်းတစ်ခုလုံး နာကျင်လို့ လာတော့သည်။ လည်ချောင်းနာလွန်းလို့  ရေမသောက်ချင်ပေမဲ့လည်း ခြောက်နေသော အာခေါင်နှင့် နှုတ်ခမ်းများကြောင့် ဘေးတွင်ရှိသော ရေဘူးလေးကို ဖွင့်ကာ ကျွန်မ တစ်ငုံသောက်လိုက်သည်။ နောက် စောင်လေးခြုံကာ ပြန်မှိန်းနေလိုက်သည်။ ကျွန်မ နေမကောင်းပါ။ သို့ သော် ကျွန်မဘေးတွင် အရင်လို ကျွန်မကို အဖျားစမ်းပေးမဲ့မေမေ .. ဆေးတိုက်ပေးမည့် မေမေ မရှိ။ အိပ်ယာဘေးမှ ဖုန်းလေးကို ကိုင်ပြီး ကြည့်မိတော့ ဆယ့်တစ်နာရီ နှစ်ဆယ် ။ နောက်ဆယ်မိနစ်ဆိုရင် မေမေ့ အလုပ် နားချိန်ရောက်ပြီဖြစ်သည်။ ဖုန်းလေးကိုဘေးနားချကာ ကျွန်မ ပြန်ကွေးနေလိုက်သည်။ တစ်ကိုယ်လုံး ကိုင်ပေါက်ထားသည့်နှယ် နာကျင်ကာနေသော ခန္ဓာကိုယ်ကြွက်သားများကြောင့် ကြာကြာလည်း ကျွန်မ မကွေးနိုင်။ ဟိုဘက်လှည့် ဒီဘက်လှည့်နှင့် နေပြီး တဖြည်းဖြည်းအေးစက်လာသော မေမေနှင့် ကျွန်မတို့ မောင်နှမ ဆက်ဆံရေးကိုစဉ်းစားမိသည့်အခါ ကျွန်မဝမ်းနည်းလို့ လာတော့သည်။ အလိုလိုကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ရင်း ..

“ကျွန်မ အလုပ်ထွက်လုပ်မယ် .. ရှင့်လုပ်စာတစ်ခုထဲနဲ့  .. တစ်မိသားစုလုံး စားနေရတာ .. မငတ်ရုံတမယ်ပဲ ”
“မင်းဘာပြောတာလဲ .. ငါက အိမ်ထောင်ဦးစီး .. ငါ့မိသားစုကို ငါရှာကျွေးနိုင်တယ် .. မိန်းမက မိန်းမနေရာမှာပဲနေ .. ”

“ရှင်ရတဲ့လစာ … အိမ်လခပေးပြီး ကလေးတွေကျောင်းစရိတ်နဲ့တင်ပင် .. ကုန်နေတာ .. ဘယ်မှာလဲ အပိုငွေ .. အိမ်က အိမ်နဲ့ တောင်မတူဘူး .. ကျွန်မ့တသက် ပြည့်ပြည့်စုံစုံ နေလာတာ .. အခု နိုင်ငံခြားရောက်မှပဲ .. လူကလူနဲ့ မတူ .. နေနေရတာ .. ရှင့်ဘက်က ကျွန်မ့လိုအင် မဖြည့်ဆည်းပေးနိုင်ရင် .. ကျွန်မကတော့ ကျွန်မလုပ်ချင်တာလုပ်မှာပဲ .. ” တစ်ယောက်တစ်ပေါက် အော်ဟစ်ကာဆိုလာသော မေမေနှင့် ဖေဖေ့ကို ကျွန်မတစ်ခါမှ မတွေ့ ဖူးသော သူစိမ်းများနှယ် အခန်းတံခါးအပေါက်ဝမှ နေ၍ ရပ်ကာကြည့်နေမိသည်။ နောက် ကျွန်မ ခြေလှမ်းများ အနောက်သို့  တဖြည်းဖြည်းပြန်လှည့်သွားသည်။ အရင်တုန်းက လူတိုင်း အားကျခဲ့ရသည့် ကျွန်မတို့ မိသားစုလေးသည် ယခုအချိန်မှာတော့ ကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားခဲ့သည်။ မကြာခဏရန်ဖြစ်တတ်သော မေမေနှင့်ဖေဖေကြောင့် ကိုကြီးမှာလည်း နောက်ဆုံး ကျောင်းပြီးသည့်အချိန်တွင် သူငယ်ချင်းများနှင့် အတူနေမည်ဆိုပြီး ခွဲကာနေခဲ့သည်။ မနက် ၆ ခွဲဆို ဆိုရုံးသွား ည ၇နာရီကျော်မှ ပြန်ရောက်လာပြီး ထမင်းစား ရေမိုးချိုး အိပ်ယာတန်းဝင်တတ်သော မေမေ။ စနေ တနင်္ဂနွေပိတ်ရက်များမှာတောင် မနားဘဲ OT ဆင်းရင် ပိုက်ဆံပိုရတယ်ဆိုပြီး အလုပ်မှာပဲ အချိန်ပေါင်းများစွာနေလာတတ်သော မေမေ။ အရင်လို ကျွန်မ အိမ်ပြန်နောက်ကျရင် ဖုန်းတဂျီဂျီိဆက်ဖော်မရ။ ကျွန်မ အိမ်ပြန်ရောက်လျှင် “သမီး ဗိုက်ဆာပြီလား” မေးမည့်သူမရှိ။ ကျွန်မကျောင်းတွင် စာလိုက်နိုင်လား မလိုက်နိုင်လား အရင်လို မစစ်ဆေးတော့။ ဒီလို မိသားစုမျိုး ကျွန်မ မလိုချင်။ နွေးထွေးမှုမရှိ .. အေးစက်စက်နှင့် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်စကားအမျိုးမျိုးဆိုလာပြီး အမြင်မကြည်လင်သည့် မေမေနှင့် ဖေဖေသည် ကျွန်မ၏ အရင်က အစဉ်တမြဲ ဂရုစိုက်ကာ ကြင်ကြင်နာနာဆက်ဆံတတ်သူများဆိုလျှင် မည်သူယုံမည်နည်း။ လက်ထဲက ဖုန်းလေးကိုကြည့်လိုက်တော့ ၁၁ နာရီလေးဆယ့်ငါး ရှိနေပြီဖြစ်သည်။ ကျွန်မ မေမေ့ဆီကိုဖုန်းလှမ်းခေါ်လိုက်သည်။

“ဟယ်လို .. မေမေ”

“အေး .. ပြော .. ”

“သမီး နေမကောင်းဘူး .. ”

“တီဗွီ အောက်ကအံဆွဲထဲမှာ Panadol ရှိတယ် .. ယူသောက်ထားလိုက် .. ဒါပဲမဟုတ်လား .. မေမေ ဒီမှာ အလုပ်များနေတယ် .. နောက်မှ ပြန်ဆက်လိုက်မယ်” ကျသွားသော ဖုန်းသံလေးကိုနားထောင်ရင်း ကျွန်မ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာသည်။ ကျလာသော မျက်ရည်များကိုသုတ်ရင်း ဖေဖေ့ဆီကို ဖုန်းလှမ်းခေါ်လိုက်သည်။

ဖေဖေ .. ကျွန်မ ဖေဖေ က ကျွန်မတို့ ဘေးနားမှာ ကျွန်မတို့ နဲ့  အတူတူမနေနိုင်ပေမဲ့ သုံးရက်တစ်ခါ အိမ်ကိုဖုန်းဆက်တတ်သူဖြစ်သည်။ လူကြုံများရှိလျှင်လည်း ကျွန်မတို့ မိသားစုအတွက် လက်ဆောင်များ ထည့်ပေးတတ်သည်။ နွေရာသီကျောင်းပိတ်ရက်များမှာလည်း ဖေဖေနေထိုင်ရာ နိုင်ငံခြားသို့  ခေါ်ဆောင်တတ်ပြီး ကျွန်မတို့ စားချင်တာ သွားချင်သည့်နေရာများကို စိတ်ကျေနပ်သည်အထိ လိုက်လံပို့ ဆောင်ပေးတတ်သည်။ တစ်နှစ်နေလို့  နှစ်လလောက်သာ အတူတူနေရပေမဲ့လည်း ဖေဖေနှင့် ကျွန်မတို့  စိမ်းသွားချင်မျိုးမရှိချေ။ အမြဲတမ်း တပြုံးပြုံးနေတတ်သော ဖေဖေသည် ကျွန်မတွေ့ ဖူးသမျှ ယောကျာ်းလေးများထဲတွင် အချောဆုံးနှင့်  အခံညားဆုံးဖြစ်သည်။ နေပူမရှောင် မိုးရွာမရှောင်လုပ်ရသော ဖေဖေ့လုပ်ငန်းများကြောင့် ညိုသော ဖေဖေ့အသားရောင်မှာ အမဲဘက်သို့ ပင် သန်းချင်သယောင်ယောင်ရှိသည်။ သို့ သော် ကျွန်မ့ မျက်စိထဲတွင် ထိုအသားရောင်ကပင် လှနေသလိုပင်ဖြစ်သည်။ မေမေ့ထက် တစ်ခါတစ်ခါ ကျွန်မတို့ ကို အလိုလိုက်တတ်သော ဖေဖေ့ကို ကျွန်မတို့ မောင်နှမ နှစ်ယောက်လုံး အချစ်ပိုကြသည်။ အနီးအနားတွင်မရှိပေမဲ့ ဖေဖေရဲ့ မေတ္တာနှင့် စေတနာများကိုတော့ နွေးထွေးစွာ ကျွန်မတို့ ခံစားလို့ ရခဲ့ကြသည်။

အဝေးမှာရှိတဲ့အချိန်တုန်းက တစ်ယောက်ကိုတစ်ယောက်နွေးထွေးစွာရှိခဲ့တဲ့ ကျွန်မတို့ မိသားစုလေးက အနေနီးချိန်မှာတော့ တစ်ယောက်အားနည်းချက်တစ်ယောက်မြင်လာလို့ နွေးထွေးမှုတွေ ရပ်တန့် ခဲ့တာလား ကျွန်မမေးခဲ့ပေမဲ့ အဖြေမရှိခဲ့ပေ။ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်ဖြစ်လာပြီးနောက် သူ့ မာန ကိုယ့်မာန အထိမခံနိုင်ဖြစ်လာကြသည့်ကြားတွင် ပြတ်တောက်သွားသော ကြိုးလေးထဲတွင် ထိပ်ဆုံးက ကိုကြီးကပါဝင်ခဲ့သည်။ မကြာခဏ ပြဿနာတက် ဘာမှမဟုတ်သည့် သေးသေးလေးကို ပုံကြီးချဲ့ ကာ လာသော မိဘနှစ်ပါးကြားတွင် နောက်ဆုံး “စိတ်ညစ်တယ် .. သူတို့ နဲ့ ဆက်နေရင် .. ငါရူးလိမ့်မယ်” ဆိုပြီး အိမ်ပေါ်မှဆင်းသွားသော ကိုကြီးရဲ့ နောက်ကျောကို ကြည့်ပြီး မျက်ရည်ကျသူက ကျွန်မတစ်ယောက်သာဖြစ်သည်။ “အချိန်တန် အိမ်ပြန်လာလိမ့်မယ်” ဆိုပြီး အေးတိအေးစက်နေလာသော မေမေနှင့်ဖေဖေကြောင့် ပုံမှန် တစ်ပတ်တစ်ခါ အိမ်ပြန်လာတတ်သော ကိုကြီးမှာ အခုချိန်မှာတော့ တစ်လတစ်ခါတောင် အိမ်ဘက်သို့ ခြေဦးမလှည့်။ “တစ်ခုခုဖြစ်ရင် ညီမလေး ကိုကြီးဆီ ဖုန်းဆက်လိုက်” ဆိုပြီး ပေးခဲ့သော ဖုန်းနံပါတ်လေးကို အိမ်တွင် ရန်ဖြစ်တိုင်း နိုပ်မိနေရာ တစ်နေရာနိုးတောင်မှ ကျွန်မနှုတ်ကထွက်လာသည်မှာ ကိုကြီးဖုန်းနံပါတ်သာဖြစ်သည်။ ကိုကြီးဆီ ဖုန်းခေါ်ချင်ပေမဲ့ .. စိတ်ကြီးကာ ဒေါသမြန်သော ကိုကြီးစိတ်ကြောင့် ချင့်ချိန်ကာ ဖုန်းလာတိုင်း “အဆင်ပြေပါတယ် .. မေမေနဲ့ ဖေဖေလည်း အရင်လို ရန်မဖြစ်တော့ဘူး” တုန်ယင်စွာ ပြောတိုင်း ကိုကြီးဘက်က တိတ်ဆိတ်မှုကိုသာရရှိခဲ့သည်။ ဝင်သွားသော ဖုန်းလိုင်းလေးကိုကိုင်ထားရင်း

“ဖေဖေ .. ”

“သမီး .. ပြော”

“သမီး .. နေမကောင်းဘူး ”

“အအေးမိတာလား .. နွေးနွေးထွေးထွေးနေလိုက် .. အိမ်မှာ ဘာဆေးရှိလဲ .. ရှိတာသောက်ထားလိုက် .. မသက်သာရင် ဖေဖေ ပြန်လာရင် ဆေးခန်းလိုက်ပို့ ပေးမယ် ”

“ဖေဖေ .. အခုပြန်လာလို့ မရဘူးလား” ကျွန်မ အတင့်ရဲစွာမေးကြည့်မိသည်။ သို့ သော် အဖြေကိုတော့ ကျွန်မသိပြီးသားဖြစ်သည်။

“ဖေဖေ .. ခဏနေရင် meeting ရှိတယ် .. ဒီနေ့  boss လာမှာမို့ လို့   .. ဘယ်ချိန်လောက်ပြီးမလဲဆိုတာခန့် မှန်းလို့ မရဘူး … သမီး .. အရမ်းနေလို့ မကောင်းရင် .. ဆေးခန်းအရင်ပြထားလိုက်လေ .. ပြန်လာရင် ဖေဖေ ပိုက်ဆံပြန်ပေးမယ် ”

“ဟုတ် .. ဒါဆို .. သမီး ..မနှောက်ယှက်တော့ဘူး ..ဘိုင်”

“ဘိုင် .. ” ဆိုပြီး ချသွားသော ဖုန်းလေးအသံကိုနားထောင်ရင်း ကျွန်မပြုံးမိသည်။ နေမကောင်းလို့ မျက်ရည်ပိုလွယ်သလား ကျွန်မ မသိ။ ကျလာသော မျက်ရည်များကလည်း အရင်ကထက်ပင် ပိုပူလောင်သလို ထင်ရသည်။ “တီင် တီင် .. ” မြည်လာသော ဖုန်းလေးကို ကျွန်မ ဝမ်းသာအားရလှမ်းကိုင်လိုက်သည်။

“ညီမလေး .. ”

“ဟုတ် .. ကိုကြီး”

“ညီမလေး အသံလည်း မကောင်းပါလား .. နေမကောင်းဘူးလား”

“ဟင့်အင်း .. ခုမှ အိပ်ယာနိုးလို့  အသံက တစ်မျိုးဖြစ်နေတာပါ ” ပြောရင်း ကျွန်မ တုန်ယင်နေသော အသံကိုထိန်းကာ စကားဆက်ပြောနေမိသည်။ တအောင့်အကြာ ချသွားသောဖုန်းလေးကို ကြည့်ပြီး ကျွန်မအသာပြုံးလိုက်သည်။ မေမေနဲ့ဖေဖေ အရင်လိုမဟုတ်တော့ပေမဲ့ .. ကျွန်မအပေါ် မပြောင်းလဲဘဲ ချစ်မြတ်နိုးသော အကိုတစ်ယောက်လုံးရှိသေးသည်။ ဘယ်လောက်သေးမျှင်တဲ့ အလင်းတန်းလေးဖြစ်ပါစေ ကျွန်မ နောက်ဆုံး အချိန်ထိ မျက်စိမမှိတ်ဘဲ ကြည့်နေဦးမည်ဖြစ်သည်။ တစ်နေ့  .. ထိုအလင်းတန်းသေးသေးလေးကနေ .. ကျွန်မ ရဲ့အေးစက်နေတဲ့ မိသားစုဘဝလေးကို တဖြည်းဖြည်းနှင့် အရည်ဖျော်ပေးသွားမည်လို့ ကျွန်မယုံကြည်သည်။

“ဟွတ် .. ဟွတ် .. ” ချောင်းတစ်ချက်ဆိုးလိုက်ပြီး ကျွန်မ ဆေးသောက်ရန် အိပ်ယာထဲမှထလိုက်သည်။ အေးစက်ကာနေသော အိမ်တွင်းစစ်ရေးကတော့ ဘယ်တော့ပြီးဆုံးမည်မသိ။ ဒါပေမဲ့ တစ်နေ့ မှာတော့ ကျွန်မတမ်းတသော ပျော်ရွှင်ဖွယ် အပြည့်နှင့် မိသားစုလေးကို ပြန်ရမည်ဆိုတာကိုတော့ ကျွန်မသေချာပေါက်ယုံကြည်နေမိသည်။ ဒါမှမဟုတ် .. ကျွန်မ နေမကောင်းလို့  စိတ်များဂယောင်ချောက်ချား ဖြစ်သလားတော့ ကျွန်မ .. မသိ ။ သို့ သော် ဂယောက်ချောက်ခြားဆိုရင်တောင်မှ .. ကျွန်မဒီအတွေးနှင့်ပင် .. ရောဂါတစ်ဝက်လောက်သက်သာသွားသည်ကတော့ သေချာလှသည်။

April
11.09.2011 (09:57 PM)
                 

2 comments:

မိုးခါး said...

အင်းးး ခံစားလို့ရတယ် .. ဒီလိုပါပဲ တယောက်တည်းရှိနေတော့လဲ အဆင်ပြေသလိုကြိုးစားနေရတာပေါ့လေ ..

April said...

မမိုးခါး --> ကျေးဇူးပါ မမိုးခါး .. ^^

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်