ကြယ်ကလေး


တဖြိုးဖြိုး တလက်လက်နဲ့  
ကြယ်ကလေး
မြင်သာမြင်ရ မပိုင်ဆိုင်ရတဲ့ 
ကြယ်ကလေး

ခပ်လှမ်းလှမ်းက 
ကျဲနေတဲ့ အလင်းရောင်တွေ 
ဘယ်သူ့ အတွက်များလဲ ..
ဖြစ်နိုင်ရင် ကျလာတဲ့ 
အလင်းစက်လေးတွေတိုင်းမှာ 
မူပိုင်တံဆိပ်ထည့်ထားမိချင်ရဲ့ ... ။

အဆုံးသတ်ဆိုတာ 
အရာရာတိုင်းမှာရှိတယ်တဲ့
ကြယ်ကလေးရေ …
မင်းရဲ့ ကြွေသက်လေးမပြည့်ခင် 
တစ်ရက်လောက်တော့
ငါ့ကိုကြိုပြောပေးလှည့်ကွယ် ..
နှစ်ပေါင်းများစွာ ရှည်ကြာမဲ့ 
မင်းရဲ့အလင်းတန်းလေးနဲ့ 
ငါ မရှင်သန်ချင်လို့ ပါ .. ။


April
29.09.2011 (02:35 AM) Thu
                 

4 comments:

လရိပ်အိမ် said...

ကြယ်ကလေးတိုင်းကိုသတိရသွားပါသည်။

Rocker77 said...

အဆုံးသတ်ဆိုတာ
အရာရာတိုင်းမှာရှိတယ်တဲ့
ကြယ်ကလေးရေ …
မင်းရဲ့ ကြွေသက်လေးမပြည့်ခင်
တစ်ရက်လောက်တော့
ငါ့ကိုကြိုပြောပေးလှည့်ကွယ် ..
နှစ်ပေါင်းများစွာ ရှည်ကြာမဲ့
မင်းရဲ့အလင်းတန်းလေးနဲ့ 
ငါ မရှင်သန်ချင်လို့ ပါ .. ။

ငယ်ငယ် said...

ခံစားရတယ်... ရေးတတ်၊ဖွဲ့တတ်ပုံလေး အရမ်းသဘောကျတယ်..

April said...

လရိပ်အိမ် --> ကျေးဇူးပါ ကဗျာလေးကို အားပေးသွားတဲ့အတွက်

ကိုRocker --> လာအားပေးသွားလို့  ကျေးကျေး :D

ငယ်ငယ် --> ကျေးဇူးပါရှင် .. အခုလိုချီးမွမ်းသွားတဲ့အတွက် .. ^^

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်